မမရေချိုး အလှပြင်နေတာကို ဧည့်ခန်းထဲ ကော်ဖီတစ်ခွက်ဖျော်သောက်ရင်း စောင့်နေလိုက်သည်။
တံတားပေါ်မှာ သူနဲ့နှစ်ယောက်ထဲ သွားရမှာကို တွေးရင်း...........
ရင်ထဲ ပြောပြလို့မရနိုင်တဲ့ အနေအထားဖြစ်နေ၏။ ပျော်တာထက် ပိုသည် ၊ ကြည်နူးတာထက် သာလွန်ပါ၏။ခဏနေတော့ မမအခန်းထဲက ထွက်လာသည်။ အနက်ရောင် ထဘီဗြောင်နဲ့ အနီရောင် ပန်းပွင့်ပုံသေးသေးလေးတွေပါတဲ့ ရင်ဖုံးကို ဝတ်ဆင်ထားပုံက ကျွန်တော့်မျက်စိထဲ လှတာထက်ကို ပိုနေသည်။ ကျွန်တော်ကလည်း အနက်ရောင် ဘောင်းဘီရှည် အနီရောင် စပို့ရှပ်အင်္ကျီကို ဝတ်ထားတာမို့ သူအံ့သြနေ၏။
ဦးပိန်တံတားနဲ့ အိမ်က အဝေးကြီးမဟုတ်ပေမယ့် နည်းနည်းလှမ်းသေးသည်။ အပြန်လည်းနောက်ကျမှာ စိုးသောကြောင့် ဆိုင်ကယ်နဲ့ သွားရန်ဆုံးဖြတ်လိုက်သည်။ ကျွန်တော် ဆိုင်ကယ်ပေါ်တက်တော့ မမက ကျွန်တော့်ပုခုံးကို ကိုင်ကာ နောက်ကထိုင်၏။
" ခါးဖက်ထားပါလား မမ "
" ဟင် "
" ပုခုံးကိုင်ထားရင် မနေတတ်လို့ ချုပ်ထားသလို ခံစားရလို့ "
" sorry နော်
မမနောက်က လက်တန်းကိုပဲ ကိုင်ထားလိုက်မယ် "သြော်........
အင်းပါ။တံတားရောက်တော့ ညနေ ၄ နာရီရှိပြီ။ အသိ အထည်ဆိုင်တစ်ခုမှာ ဆိုင်ကယ်ကို ခဏအပ်ထားခဲ့ရင်း မမနဲ့ ဦးပိန်တံတားဘက် လှမ်းလာခဲ့သည်။ လက်ချင်းမကိုင်ထားပေမယ့် ဘေးချင်းကပ်အနေအထားဆိုတော့ မသိတဲ့သူတွေအတွက် ချစ်သူသမီးရည်းစားလို့ ထင်ကြမှာ အသေအချာ။
ညနေ လေလေးတဖြူးဖြူးနဲ့ တံတားပေါ်မှာ လူကလည်း ရှုပ်ထွေးနေဆဲ။ ကျွန်တော်တို့ကို ချစ်သူလို့ ထင်နေကြပါပြီ။ တစ်ချို့ မိန်းကလေးတွေ အဒေါ်တွေက
" ချစ်စရာလေးတွေနော်
ဟိုအတွဲလေးက လိုက်တယ် " ဆိုပြီး ပြောသံခပ်သဲ့သဲ့ကို ကြားရတယ်။ သူလည်း ကြားရမှာပါ။ သူက ဘယ်လိုနေတယ်မသိ ကျွန်တော့်မှာတော့ ရင်ခုန်သံတွေ ဘယ်လိုမှ ထိန်းမရနိုင်။" မမ "
" ဟင် "
" ကျွန်တော်တို့ကို အတွဲလို့ထင်နေကြတယ်နော် "
YOU ARE READING
မမ ( Complete )
Romanceမန္တလေးမြေပေါ် ခြေချလိုက်တာနဲ့ ငြိမ်သက်နေတဲ့ နှလုံးသားလေး တစ်ဖန်နိုးကြားလာခဲ့တယ်။ ကျွန်တော့်ရင်ကို ပြန်စမ်းလိုက်တော့ ရင်ခုန်သံက တစ်ဒုတ်ဒုတ်နဲ့။ ကျွန်တော် ကျေနပ်စွာပြုံးရင်း အမရပူရမြို့ကို နှုတ်ဆက်လိုက်တယ် ချစ်သောသူလေး ရှိတဲ့ ချစ်တဲ့အမရပူရရေ ငါတစ်ဖန်...