" ချစ်လေးရေ morning
အိပ်နေတုန်းလား
မိုးက အခုမနက်စာ စားနေတာ
ချစ်လည်း မနက်စာ စားဖို့ မပျင်းနဲ့နော်
အရမ်းချစ်တယ် အာဘွား "အိပ်ရာနိုးနိုးချင်း မိုးရဲ့မတ်ဆေ့များက ကျွန်မရင်ကို နွေးထွေးသွားစေသည်။ မနက်ခင်း အိမ်ရှေ့စံပယ်ပန်းရနံ့နဲ့ မိုးရဲ့ မတ်ဆေ့များက ကျွန်မရဲ့တစ်နေ့တာကို ပိုပြီး လှပစေပါသည်။
" နိုးပြီ မိုးရေ morning ပါနော်
မနက်စာလည်း စားပါ့မယ်ရှင့်
မိုးစကားကိုလည်း နားထောင်ပါ့မယ်
ပြီးရင် မိုးကိုလည်း အများကြီး ပိုချစ်ပါ့မယ် "တစ်ယောက်နဲ့ တစ်ယောက် မတ်ဆေ့လေးတွေပို့ video call တွေပြောရင်း အလွမ်းဖြေနေရပေမယ့် လေတိုးသံလေး ကြားရင်တောင် သူ့ရဲ့စကားသံလို့ ကြားယောင်မိသည်။ ဒီလောက်ထိ သူ့ကို ကျွန်မ သိပ်ချစ်ပါသည်။ ထို့အတူ............
ဖုန်းထဲကနေ ခင်မောင်တိုးရဲ့ ချစ်သူသိစေ သီချင်းလေးဖွင့်ပြီး ရေချိုးခန်းသို့အလာ
" ဒီမနက် ဘာမှမလုပ်ထားဘူး "
ဧည့်ခန်းထဲ ထိုင်ပြီး ကျွန်မကို မကြည်သလို ကြည့်ကာ စူပုပ်ပုပ်နဲ့ ပြောနေသည့် ဒိတ်ကိုသနားဂရုဏာ ဖြစ်မိပါသည်။
" ဒါဆိုလည်း ထားပါ မမဘာသာလုပ်လိုက်မယ်
ဒိတ် ဘာစားချင်လဲ မမကိုပြောလေ "" မမသာ ရေသွားချိုးလိုက်ပါ ပြီးရင်အဝတ်အစားလဲ အပြင်မှာသွားစားကြမယ် "
ကျွန်မခေါင်းကုပ်ရင်း ရေချိုးခန်းသို့ ဝင်လာခဲ့သည်။ ဘာမှမဆိုင်ပေမယ့် အိုင်းရင်းဇင်မာမြင့်ရဲ့ ရင်ဘတ်ထဲက လူနှစ်ယောက် သီချင်းကို ခပ်တိုးတိုး ညည်းမိသည်။
" စိတ်ရှုပ်လိုက်တာ "
မှန်တင်ခုံရှေ့ အလှပြင်နေချိန် ဒိတ်က ကျွန်မအိပ်ရာထက်မှာ ဖုန်းသုံးရင်း စောင့်နေသည်။
" ဒိတ် "
" အင်း "
" ခြံထဲ ဘယ်အချိန်သွားမှာလဲ "
" နေ့ခင်းစားသောက်ပြီးမှ သွားမယ်
ဘာလို့လဲ မမ "" ဒီတိုင်း မေးကြည့်တာ အချိန်ရရင် ညနေ တံတားပေါ် လမ်းလျှောက်ထွက်မလို့ "
YOU ARE READING
မမ ( Complete )
Romanceမန္တလေးမြေပေါ် ခြေချလိုက်တာနဲ့ ငြိမ်သက်နေတဲ့ နှလုံးသားလေး တစ်ဖန်နိုးကြားလာခဲ့တယ်။ ကျွန်တော့်ရင်ကို ပြန်စမ်းလိုက်တော့ ရင်ခုန်သံက တစ်ဒုတ်ဒုတ်နဲ့။ ကျွန်တော် ကျေနပ်စွာပြုံးရင်း အမရပူရမြို့ကို နှုတ်ဆက်လိုက်တယ် ချစ်သောသူလေး ရှိတဲ့ ချစ်တဲ့အမရပူရရေ ငါတစ်ဖန်...