Part-1

2.4K 118 2
                                    

"ဘာမှားလို့လဲ၊ သူတို့က ငါ့ကိုသေစေချင်လို့လား"
ရှောင်းကျန့်က လက်ဖဝါးပေါ် မျက်နှာတင်ကာ အာရုံကြောတွေ တဆတ်ဆတ်တုန်ရင်း
"ငါ ဒီကမ္ဘာကနေ ပျောက်ကွယ်သွားချင်တယ် အဲ့တာဆိုသူတို့ပျော်ရွှင်နေလောက်မှာပါ"

"အဲ့လိုမပြောနဲ့ ရှောင်းကျန့် ရှင်နောက်ကျမှ နောင်တရလိမ့်မယ်။ အားလုံးက မကြာခင် အဆင်ပြေတော့မှာဘဲ။ ဒါပေမယ့် ကျွန်မမှာရှင့်အတွက် အကြံကောင်းတစ်ခု ရှိတယ်။ကျွန်မညီမလေးနေတဲ့နေရာဆီ သွားလည်ပြီး အခြေအနေမပြောင်းမချင်း အဲဒီမှာပဲ ခဏနေပါလား"

"မင်းအစ်မ?" ရှောင်းကျန့် က သူ့မန်နေဂျာကို အံ့သြတဲ့မျက်နှာနဲ့ ကြည့်ပြီး
"မင်း သူ့အကြောင်း တစ်ခါမှ မပြောဖူးပါဘူး"

"ဟုတ်ဝာယ်။ဘာလို့လဲဆိုတော့ သူက အဝေးကြီး၊ ပင်လယ်နဲ့နီးပြီး ဆိတ်ငြိမ်တဲ့ ရွာလေးမှာနေတယ်။ ပြီးတော့ကျွန်မနဲ့မကြာခဏ မဆုံဖြစ်တော့ဘူး‌‌။အဲ့ဒီမှာသာဆို ရှင့်ရဲ့ စိတ်တွေ ပေါ့ပါးပြီး အေးဆေးနေမှာ သေချာတယ်"

ရှောင်းကျန့်က ခေါင်းငုံ့ကာသွားသင့်မသွားသင့်စဉ်းစားလိုက်တယ်။သူ့ဆီမှာသူနဲ့မထိုက်တန်တဲ့အမုန်းတရားတွေကိုရုတ်တရက်ကြီးခံစားလိုက်ရတာ။ အရာအားလုံးပြီးသွားတဲ့အထိ ထွက်ပြေး‌လိုက်တာလဲမဆိုးပါဘူး။အားလုံးကိုသူတောင်းပန်ပြီး သူရဲ့ ပရိသတ်‌ တွေကိုလည်း မဆင်မခြင် ပြုမူမှုများကို ရပ်တန့်ရန် တောင်းဆိုခဲ့ပေမဲ့ အရာအားလုံးကအချည်းနှီးပဲ။ သူပဲပင်ပန်းပြီးအချိန်တွေအလကားဖြစ်လိုက်တာပဲအဖတ်တင်တယ်

"ငါ့ကို လိပ်စာပေး၊ ငါသွားလိုက်မယ်။ ဟိုမှာ ငြိမ်းချမ်းပျော်ရွှင်မှုကို ရှာရတော့မယ်" ရှောင်းကျန့် က ပြုံးကာ ပြောလိုက်ရင်း မနက်ဖြန်က‌တော့ဒီနေ့ထက် ပိုကောင်းလာနိုင်ပါတယ်လို့ ကိုယ့်ကိုကိုယ်အားပေးလိုက်တယ်

***************

              ***************

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Come With Me Where stories live. Discover now