Final💙

1.1K 45 8
                                    

3 years later,

"တစ်နှစ်တာ အကောင်းဆုံး မင်းသားဆုကိုရရှိတဲ့ Xiao Zhan ကို ကြိုဆိုလိုက်ရအောင်ဗျာ၊ အခုလို တိုက်ရိုက် တီဗီရှိုးမှာ အင်တာဗျူးဖို့ ပထမဆုံးအကြိမ် လက်ခံတာ သိတဲ့အတွက်  အရမ်းဝမ်းသာပါတယ်"

"ဒါပေါ့"ရှောင်းကျန့်ကပရိသတ်တွေကိုနှုတ်ဆက်ရင်းပြုံးပြကာ
"သတင်းအမှားတွေကိုနားထောင်တာထက် ကျွန်တော်ကိုယ်တိုင်ပြောပြတာကိုနားထောင်ရတော့ပိုကောင်းတာပေါ့ မဟုတ်ဘူးလား"

"ပထမဦးဆုံး တရုတ်ပြည်ရဲ့ အကောင်းဆုံး မင်းသားဖြစ်လာတဲ့အပေါ် ဘယ်လိုခံစားရလဲ"

"ဂုဏ်သတင်းနဲ့ ဆုပေးပွဲဆိုတာ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်မဟုတ်ပေမယ့် အရမ်းပျော်ပြီး ဂုဏ်ယူမိတာတော့ သေချာပါတယ်။ ကျွန်တော် သရုပ်ဆောင်တာကို အရမ်းနှစ်သက်ပါတယ်၊ ဒီခေါင်းစဉ်ကို နှလုံးသားတစ်ခုလုံးနဲ့ လက်ခံရယူပြီး မှန်ကန်တဲ့ ခံစားချက်နဲ့ စိတ်ခံစားမှုတွေကို ပေးခဲ့ပါတယ်။  ဒါက  သရုပ်ဆောင်တစ်‌ယောက်အတွက် အရေးကြီးဆုံး ပန်းတိုင်ပဲ"

"မင်း အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ဒီအလုပ်ကိုလုပ်နေစဉ် ပြသနာတွေအများကြီးနဲ့ရင်ဆိုင်ဖြေရှင်းခဲ့ရတယ်မလား၊အခုသေချာပြန်ကြည့်လိုက်တော့‌ရော မင်းလုပ်ခဲ့တာတွေနဲ့ထိုက်တန်ရဲ့လား?"

"ပျော်ရွှင်မှုပဲဖြစ်ဖြစ် နာကျင်ခံစားရမှုတိုင်းက အရေးမကြီးပါဘူး၊ ကျွန်တော်တို့ကို ဘဝသင်ခန်းစာတွေ အမြဲပေးတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ သတ္တိရှိစေတယ်။ ခက်ခဲတဲ့အချိန်တွေသာမရှိခဲ့ရင် လက်ရှိပျော်ရွှင်မှုကို တန်ဖိုးမထားနိုင်တော့ဘူး"

"ဟုတ်ဝာာပေါ့ နောက်တစ်ခုထပ်မေးချင်တာက မင်းရဲ့ပရိသတ်တွေက မင်းရဲ့ private lifeအကြောင်းကိုစိတ်ဝင်စားနေကြတယ်"

"အချစ်နဲ့ပတ်သတ်တဲ့ဘဝကိုလား"

ရှောင်းကျန့်က သူ့ဘေးမှာ ထိုင်နေတဲ့ ကောင်လေးကို ကြည့်လိုက်ပြီး မျက်နှာ‌ ပေါ်ကအပြုံး‌တွေ ပိုမိုတောက်ပလာကာ "ဒီမှာ ကျွန်တော့်ရဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသောဝမ်ရိ‌ ပေါ်၊ ကျွန်ဝောာ်က ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသားပါပဲ၊ သူလိုချစ်စရာကောင်းတဲ့ ချစ်စဖွယ်ချစ်သူမျိုး ပိုင်ဆိုင်ထားတာ လူတိုင်းမြင်နိုင်မယ်ထင်ပါတယ်"

Come With Me Where stories live. Discover now