ရှောင်းကျန့်က မျက်လုံးကိုဖြေးညှင်းစွာဖွင့်လိုက်ပြီး သူ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်းရင်းစာဖတ်နေတဲ့ရိပေါ်ကိုမော့ကြည့်လိုက်တယ်။
"မောနင်း မောင်"
"တကယ်တော့ ကောင်းသောနေ့လည်ခင်းပါလို့ပြောရမှာ ငပျင်းလေးရဲ့"ရိပေါ်ကခပ်နောက်နောက်ပြောဆိုကာ ငုံ့နမ်းလိုက်တယ်။
"တကယ်လား ကိုယ်တော်တော်အိပ်ပစ်တာပဲ"ရှောင်းကျန့်ကရေချိုးခန်းသွားဖို့ ထလိုက်ပေမဲ့ရိပေါ်ကထခွင့်မပေးပဲ ဆွဲထားတယ်။
"မောင် လွှတ်အုန်း ကိုယ်ရေချိုးခန်းသွားမလို့"
"အာ ဆောတီး မောင်က..."ရိပေါ်ကရှောင်းကျန့်ကိုဆွဲထားတာကိုမလွှတ်သေးပဲ
"မောင်က ရှောင်းထွက်သွားမှာကို ကြောက်နေတုန်းပဲ""မဟုတ်တာ မောင်ရယ်"ရှောင်းကျန့်ကရိပေါ်ရဲ့ပါးပြင်လေးကိုအသာအယာညှစ်လိုက်ပြီး "ချစ်တယ်"
နှစ်ယောက်သားထမင်းစားပြီးတော့ ဆိုဖာပေါ်မှာထိုင်ရင်း တီဗွီ ကြည့်နေကြတယ်။
"လူတွေက ကိုယ့်ကျန်းမာရေးအကြောင်းပဲပြောနေကြတာ စိတ်ရှုပ်လာပြီ ဒီသတင်းတွေဘယ်တော့မှများရပ်တန့်မလဲမသိဘူး"ရှောင်းကျန့်ကညည်းညူသလိုတိုးတိုးလေးပြောလိုက်တယ်။
"ပြီးတော့ ကိုယ်မောင် နဲ့ဒီမှာအတူနေတာသူတို့မကြာခင်သိကုန်ကြမယ်ထင်တယ်"
"တော်တော့ စိတ်ညစ်စရာတွေမပြောတော့နဲ့ ဘယ်သူမှမရှိတုန်း နှစ်ယောက်အတူတူအချိန်တွေကိုပျော်ပျော်ရွှင်ရွှင်ပဲကုန်ဆုံးရအောင် အမ်း..ပြီးတော့ မနေ့ကရှောင်း ကတိပေးထားတာတစ်ခုရှိတယ်လေ အခုရှောင်းလဲနေကောင်းပြီမလား" ရိပေါ်ကညစ်ကျယ်ကျယ်ပြောလိုက်တယ်။
"ဘာ....ဘာကိုလဲ"
"ရှောင်းသိပါတယ်"ရိပေါ်ကရှောင်းကျန့်ကို သူနဲ့ပိုမိုနီးကပ်အောင်ပေါင်ပေါ်ဆွဲလိုက်ပြီးနှုတ်ခမ်းတွေကိုစုပ်နမ်းလိုက်တယ် ကမ္ဘာပေါ်မှာအရသာအရှိဆုံးမုန့်ကိုအရသာခံစားနေသလိုမျိုး.... ပေါင်ပေါ်မှာထိုင်ရက်နမ်းနေတာကြောင့် ရှောင်းကျန့်ရဲ့တင်ကတစ်နေရာရာနဲ့ထိမိနေတယ်၊ ရိပေါ်လက်တွေကအပေါ်အောက်ပွတ်သပ်နေပြီးရှောငိးကျန့်ရဲ့အထိမခံနိုင်တဲ့နေရာကိုလာလာထိနေတာက သူ့ကိုအသက်ရှူမဝအောင်လုပ်နေသလိုပဲ။
YOU ARE READING
Come With Me
FanfictionI do not own this story. Translated with permission. Start date - 28.11.21 End date - 14.12.21