ရိပေါ်က တံခါးဖွင့်ပြီး ရှောင်းကျန့်ကို အိမ်ထဲကို ခေါ်သွားလိုက်တယ်။ အိမ်ရှေ့ကအသံတွေကြားတော့ ရိပေါ်မာမားက မီးဖိုချောင်ကနေ ထွက်လာတယ်။ပြီးတော့ သူမြင်လိုက်ရတဲ့အရာကြောင့်နေရာကနေမရွေ့ပဲ တောင့်တောင့်ကြီးရပ်မိသွားတယ်။"အမလေး ဒါ..ဒါက တကယ် ရှောင်း...ရှောင်း..ကျန့်လား?ငါ့ညီမ ငါ့ကိုပြောတုန်းကနောက်နေတယ်ထင်နေတာ "
ပြောပြီးရှောင်းကျန့်ဆီကိုအပြေးသွားပီးတစ်ကိုယ်လုံးကိုလှည့်ပတ်ကြည့်နေတယ်" အမယ်လေး ဘုရားရေ ငါအခုထိမယုံနိုင်သေးဘူးမျက်နှာလေးကဝင်းပြီးနုအိနေတာပဲ အပြစ်အနာဆာတောင်ရှာစရာမရှိဘူး တကယ်ပဲ ရှောင်းကျန့် အစစ်ကြီးလား"
ရှောင်းကျန့်ကပါးပြင်တွေရဲလာပြီးရှက်ပြုံးလေးပြုံးကာ" အာ အန်တီကလဲ အဲ့လောက်မချီးမြှောက်ပါနဲ့ ကျွန်တော်ကဒီတိုင်းသာမန်..."
"အမလေး ဘာသာမန်လဲ"
ရိပေါ်က ဘေးမှာရပ်နေရင်းသူ့မာမားကိုကြည့်ပြီးအောက်မေးပါပြုတ်ကုန်တယ်
"မာမား ဘာဖြစ်နေတာလဲ!! ဘယ်လိုဖြစ်လို့အရမ်းစိတ်လှုပ်ရှားပြီး ဒီလိုဖြစ်နေရတာလဲ။သူကဘာမို့လို့လဲ"
"ခွေးကောင်လေးငါနင့်ကိုအဲ့တာကြောင့်TV လေးဘာလေးကြည့်လို့ပြောတာ၊ သူကအရမ်းနာမည်ကြီးတဲ့သရုပ်ဆောင်လေ သီချင်းတွေလဲဆိုသေးတယ် ပြီးတော့သူကငါအကြိုက်ဆုံးမင်းသားပဲဟဲဟဲ"ရိပေါ်ကိုလှမ်းငေါက်ရင်းရှောင်းကျန့်ကိုလဲကြည့်ပြီးရယ်ပြလိုက်သေးတယ်။
"မာမားအသက်ရွယ်နဲ့မာမားကfangirlလုပ်မလို့လား?" ရိပေါ်က စူဆောင့် ပြောရင်းသူ့မာမားကို အော်ပြီးအခန်းထဲ ဝင်သွားသည် ။ ရှောင်းကျန့်ကစူဆောင့်ပြီးအခန်းထဲဝင်သွားတဲ့ကောင်လေးကိုလိုက်ကြည့်ရင်းကြည်ကြည်နူးနူးပြုံးလိုက်သည်။
"စိတ်ထဲမထားပါနဲ့ သားရယ်၊အဲ့ကောင်လေးကအဲ့လိုပဲ၊လာ ဒီမှာလာထိုင်။ သားအရမ်းပင်ပန်းနေမှာပေါ့ အန်တီသားနေဖို့အခန်းသွားပြင်ပေးမယ်နော် အခန်းကလေ...."
"ရတယ်ကျွန်တော့အခန်းထဲမှာပဲသိပ်လိုက်မယ်"နောက်ကထွက်လာတဲ့ရိပေါ်စကားကြားတော့သူ့မာမားနဲ့ရှောင်းကျန့်ကအလန့်တကြားလှည့်ကြည့်လိုက်တယ်။ရိပေါ်ကတော့ရှောင်းကျန့်ကိုပဲကြည့်နေပြီးပြန်ဖြေလာမဲ့အဖြေကိုစောင့်နေတယ်။
YOU ARE READING
Come With Me
FanfictionI do not own this story. Translated with permission. Start date - 28.11.21 End date - 14.12.21