Pary-5(Z)

369 9 0
                                    

ရှောင်းကျန့်တို့ အပြင်ကပြန်ရောက်တော့ ရိပေါ်မာမားကိုနှုတ်ဆက်ပြီးတစ်ခါထဲအခန်းထဲသွားလိုက်တယ်။သူတကယ်ခေါင်းတွေမူးနောက်နေပြီ။ရိပေါ်က ရေခဲသေတ္တာထဲကရေတစ်ဗူးယူပြီး ဖန်ခွက်ထဲအနည်းငယ်ထည့်လိုက်တယ်။

"သား အပြင်မှာတစ်ခုခုဖြစ်ခဲ့လို့လား"

"ဟုတ်တယ်မား အပြင်မှာ သူ့fanတစ်ချို့နဲ့တွေ့ခဲ့တာ သူ့ကိုအန္တာရယ်ပေးဖို့မဟုတ်ပေမဲ့ သူတော်ဝောာ်လန့်သွားဝာာ"

"အင်း မားသူ့ကို‌ကြည့်ပေးထားပါ့မယ်"

"မား ကျွန်တော်စောင့်ပေးချင်တယ်၊ သူ့နားမှာ ကျွန်ဝောာ်နေပေးချင်တယ်"ရိပေါ်စကားကြားတော့သူ့မားမားက ပြုံးလိုက်ပြီး...

"အင်း ကောင်းပြီ ကောင်းပြီ"

ရှောင်းကျန့်ကအခန်းထဲကဆိုဖာပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေတယ် မျက်လုံးတွေကတော့တစ်နေရာထဲကိုစိုက်ကြည့်နေသည်။

"ခင်ဗျား အဆင်ပြေလား ရော့ ကျွန်တော်ရေယူလာတယ် သောက်လိုက်အုန်း"ရိပေါ်ကရှောင်းကျန့်ဘေးဝင်ထိုင်လိုက်ပြီး
"တောင်းပန်ပါတယ်"

"ဘာအတွက်လဲ"

"ခင်ဗျားကို ဆိုင်ထဲတစ်ယောက်ထဲသွားခိုင်းမိလို့ ဒီလိုတွေဖြစ်ရတာ၊ ကျွန်တော့အမှားတွေချည်းပါပဲ၊ တကယ်တော့ ကျွန်ဝောာ်ခင်ဗျားအတွက်ပစ္စည်းတစ်ခြသွားဝယ်နေလို့"

"တကယ်လား ဘယ်မှာလဲ" ရှောင်းကျန့်က ချက်ချင်း မျက်နှာလေးလန်းလာပြီး သိချင်စိတ်နဲ့ ဟိုကြည့်ဒီကြည့်လိုက်ကြည့်နေတယ်။

"ခင်ဗျားက ကလေး‌လေးကျ‌နေတာပဲ" ရိပေါ်က ပြုံးပြီး သူ့အိတ်ကပ်ထဲက လက်ကောက်လေးကို ယူလိုက်ပြီး
"ဒါကို *နှောင်ကြိုး*လို့ပြောကြတယ် တစ်စုံတစ်ယောက်ကဒါကိုဝတ်ထားတဲ့အခါ သူအန္တရာယ်ကြုံလာရင် ကာကွယ်ပေးတယ်တဲ့" ရိပေါ်က ရှောင်းကျန့် ရဲ့ လက်ကောက်ဝတ်မှာ လက်ကောက်ကို ညင်သာစွာ ချည်နှောင်ပြီး "ဒါမဲ့တစ်ခုတော့ရှိတယ် "

"ဘာလဲ"

"နောက်မှပြောပြမယ်"

ရုတ်တရက် ရိပေါ်ရဲ့ပခုံးတစ်ဘက်ကလေးခနဲဖြစ်သွားပြီး ရှောင်းကျန့်ရဲ့ဆံပင်‌လေးတွေက ရိပေါ်ရဲ့ပါးပြင်နဲ့လာထိနေတယ်။ရိပေါ်ကရှောင်းကျန့်သက်သက်သာသာမှီရအောင် သူ့ပခုံးပေါ်ကခေါင်းလုံးလေး‌ကိုအနည်းငယ်နေရာရွေ့ပေးလိုက်တယ်။

Come With Me Where stories live. Discover now