Part-11

673 45 2
                                    

ကောင်ငယ်လေးတစ်ယောက်က ငိုရလွန်းလို့ မျက်လုံးတွေကရောင်ရမ်းနေပြီး ထိုမျက်လုံးကလည်းမျက်ရည်တွေတသွင်သွင်ကျရင်း ဆေးရုံထဲသို့ပြေးလာတယ်။တာဝန်ကျသူနာပြုဆရာမကိုစိုးရိမ်တကြီးအသံနဲ့မေးမြန်းလိုက်တယ်၊၊

"ရှောင်းကျန့် သူ့ကိုဘယ်မှာတွေ့လို့ရမလဲ "

"ရှင်နဲ့သူကဘာဝောာ်လဲ"

"ငါ....."ပြောနေတာကိုရပ်လိုက်ပြီး"ငါ..ငါကသူ့အတွက်အဖိုးတန်တဲ့သူတစ်ယောက်သူနဲ့တွေ့ခွင့်ပေးပါ သူ့နားမှာငါရှိနေမှဖြစ်မှာ ငါအာမခံပါတယ် သူ..သူငါနဲ့တွေ့ရင် ပိုပြီးအခြေနေကောင်းလာမှာ"

"စိတ်မကောင်းပါဘူး ဆွေမျိူးတွေပဲတွေ့ခွင့်ရှိတာမလို့ပါ"သူနာပြုကနှစ်သိမ့်သလိုပြုံးပြရင်းထိုနေရာမှထွက်ခွာသွားတော့သည်။

ရိပေါ်ကပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်လိုက်တော့ သက်တော်စောင့်အချို့ကိုတွေ့လိုက်ရတယ်။သူ့မျက်နှာမှာမျှော်လင့်တစ်ချို့ပေါ်လာပြီး"သူဒီမှာ ငါ့ရဲ့ရှောင်း ဒီမှာ"ပြောပြီးအတင်းပြေးသွားတော့သက်ဝောာ်စောင့်တွေဆွဲထားတာခံလိုက်ရတယ်။သူအားအကုန်သုံးပြီးရုန်းနေပေမဲ့အချည်းနှီးသာ။ရှောင်းရဲ့သတင်းကိုကြားကြားချင်း သူပထမဆုံးလေယာဉ်နဲ့အမြန်လိုက်လာခဲ့ရတာဒါပေမဲ့ အခုတော့ တွေ့ဖို့တောင်မတတ်နိုင်ဘူး အချိန်တွေအလကားဖြစ်ကုန်ပြီးသူပင်ပန်းလိုက်တာအဖတ်တင်လိုက်တယ်။

"Fu**တွေ့ဖို့ဘာလို့အဲ့လောက်တောင်ခက်နေရတာလဲ မင်းတို့ကဘာလို့ငါ့ကိုလာတားနေရတာလဲသူငါ့ကိုလိုအပ်နေတာမင်းတို့နားမလည်ဘူးလား တောင်းပန်ပါတယ် ငါ့ကိုတွေ့ခွင့်ပေးပါ"မျက်ရည်တွေကျပြီးအော်ပြောလိုက် တော့နောက်ဆုံး သူရင်နှီးတဲ့အသံလေးကသူ့နားထဲကိုဝင်လာတယ်။

"ဒေါ်လေး"ရိပေါ်ကငိုပြီးပြေးဖက်လိုက်တယ်။

"ရိပေါ်လေး စိတ်လျှော့ပါစိတ်လျှော့နော်"ရိပေါ်ရဲ့ဆံပင်လေးတွေကိုဖွပေးရင်းစိတ်‌လျှော့ဖို့နှစ်သိမ့်ပေးနေတယ်။

"ရှောင်း ကျွန်ဝောာ့်ရဲ့ရှောင်းရော အဆင်ပြေလား သူ့ကိုတွေ့ခွင့်ပေးပါ"ရိပေါ်ကတံခါးဖွင့်ဖို့လက်ကိုမြှောက်လိုက်ပေမဲ့ တံခါးကသူ့အလ်ိုလိုပွင့်သွားတဲ့အခါ သတိပြန်မရသေးပဲ အိပ်ယာပေါ်မှာသက်တောင့်သက်သာလှဲနေတဲ့ သူ့ရဲ့အသက်ကလေးနဲ့‌ ဘေးပတ်ပတ်လည်မှာဆရာဝန်တွေ တွေ့လိုက်ရတာကြောင့် ကြမ်းပြင်ပေါ်သို့ဒူးထောက်လျက်ကျသွားတယ်။

Come With Me Where stories live. Discover now