Part-14(Z)

270 5 0
                                    

ရှောင်းကျန့်ကသူ့လက်နဲ့ထိမိနေတဲ့ ပျော့စိစိအရာကြောင့်ရုတ်တရက်အိပ်ယာမှလန့်နိုးလာတယ်။ သူမျက်လုံးတွေဖွင့်ကြည့်လိုက်တော့ ဝိုင်းစက်ပြီးအပြာရောင်မျက်လုံးတွေနဲ့သူ့ကိုကြည့်နေတဲ့ သူ့သမီးလေးကိုမြင်လိုက်ရတယ်။

"အာရိုး ပါပါးသမီးလေး ပါပါးအရမ်းလွမ်းနေတာ"ရှောင်းကျန့်ကကျင်းကော်ကိုတင်းတင်းကြပ်ကြပ်ဖက်လိုက်တော့ ကျင်းကော်ကထအော်ဝာယ်
"ပါပါးကအရမ်းလွမ်းလို့လေ မင်းသမီးလေးရဲ့"

တံခါးနားမှာရပ်နေပြီး သူတို့ကိုပြုံးပြုံးကြီးကြည့်နေတဲ့ရိပေါ်ကိုသူတွေ့လိုက်တယ်။

"မောင် သူ့ကိုဒီကိုခေါ်လာတာလား"

"ဟုတ်ဝာယ် ရှောင်းမိဘတွေကိုပို့‌ ပေးဖို့မှာလိုက်တာ ရှောင်းသူ့ကိုအရမ်းလွမ်းနေတာမလား"

"မောင့်" ရှောင်းကျန့်ကရိပေါ်ဆီအပြေးသွားပြီး ကိုယ်ပေါ်ကိုခုန်တက်လိုက်တယ်။
"မောင်ကကမ္ဘာပေါ်မှာအကောင်းဆုံးယောကျာ်းပဲ မောင့်ကိုအများကြီးချစ်တယ်"

"ရှောင်း မောင်လဲကျတော့မယ်"ရိပေါ်ကရယ်လိုက်ပြီး ရှောင်းကျန့်ရဲ့နှုတ်ခမ်းကိုနမ်းလိုက်တယ်။
"ရှောင်းသိပါတယ် မောင်ကအရာရာတိုင်းမှာအကောင်းဆုံးလေ"

"အရှက်မရှိလိုက်တာ"ရှောင်းကျန့်ကရိပေါ် ပေါ်ကနေခုန်ဆင်းသွားပြီး သူ့အရှေ့မှာ ချစ်ကြည်နူးနေတာကို မျက်လုံးဝိုင်းကြီးနဲ့ကြည့်နေတဲ့ ကျင်းကော် ဆီပြန်သွားလိုက်တယ်။

"သွားသွား ရေသွားချိုးတော့ မနက်စာစားရအောင် ပြီးရင် သမီးလေးအတွက်ပါစားစရာတွေသွားဝယ်ရမယ် သွားဝောာ့"
ရိပေါ်ကရှောင်းကျန့်ကိုနှာတစ်ချက်မှုတ်ကာမျက်စောင်းထိုးပြီး အခန်းထဲကထွက်သွားတယ်။

"သမီးလေးရဲ့ ဒယ်ဒီအသစ်ကိုကြိုက်လား"ရှောင်းကျန့်ကကျင်းကော်ကိုရင်ဘတ်ပေါ်တင်ထားပြီး သူ့အမွှေးလုံးတွေကြားမျက်နှာကိုဖွက်ထားကာ

"ဒယ်ဒီကချစ်စရာကောင်းတယ်မလား"

"မောင် ထမင်းချက်မလို့လား"ရှောင်းကျန့်ကရိပေါ်ကိုအနောက်ကနေခါးကိုဖက်ထားရင်း လည်ပင်းကိုနမ်းလိုက်တယ်။
"ခွဲစိတ်ထားတာကတော့အဆင်ပြေနေပါပီ ဒါမဲ့ ဒါတွေနဲ့တည့်ပါ့မလား"

Come With Me Where stories live. Discover now