Part-4

866 65 0
                                    

"ကုန်အောင်စားနော် ဂျစ်တူးလေး အစားအစာတွေကိုမဖြုန်းတီးရဘူး" ရိပေါ်မာမားကရိပေါ်ကိုကြည့်ပြီးဆူနေတယ်။ထမင်းစားနေတဲ့ကောင်လေးကိုသေချာကြည့်မှ ပါးစပ်ထဲမှာထမင်းတွေအများကြီးကထည့်ထားတော့ နဂိုဖောင်းနေတဲ့ ပါးလေးနှစ်ဖက်ကပိုလိုတောင်ဖောင်းလာပြီး အခုမှမီအိုးထဲကချထားတဲ့ပေါက်စီလေးတွေလိုပဲ
ရှောင်းကျန့်ကရယ်ချင်စိတ်ကိုမနည်းထိန်းထားရတယ်။အဆူခံရတဲ့ကောင်လေးကတော့သူ့မာမားစကားကိုချေပချင်ပေမဲ့ပါးစပ်ထဲကဟာတွေကိုအရင်မြိုချနေရလို့ရန်မထောင်နိုင်သေး....

"ငါ့သားဒီကိုရောက်လာမှ အဲ့ငဂျစ်ကလေးကအစားပိုစားလာတယ် ငါ့သားကိုကျေးဇူးတင်ရမှာပဲ"

"အာ မဟုတ်တာအန်တီကလဲ ကျွန်တော့်ကိုကျေးဇူးတင်စရာမလိုပါဘူး"ရိပေါ်ရဲ့မျက်နှာလေးကတစ်ဖြေးဖြေးခရမ်းချဉ်သီးလေးလိုရဲလာတာကို ရှောင်းကျန့်သတိထားမိတယ်
"အမှန်ဆို ရိပေါ်ကအရမ်းထက်မြက်ပြီး ကြိုးစားတဲ့က‌လေးလေးပါ။သူတို့အသက်အရွယ်အပိုင်းခြားထဲမှာဆို ဒီလိုထက်မြက်တဲ့ကလေးမျိုးကတကယ်ရှားတယ် အန်တီကသူ့အတွက်ဂုဏ်ယူရမှာ"

"ကျွန်တော်စားလို့ပြီးပြီ"ရိပေါ်ကပြောပြီးအမြန်ပဲသူ့အခန်းထဲကိုပြေးသွားတယ်။ရုတ်တရက်ကြီးထပြီးပြေးသွားတော့ရှောင်းကျန့်ကလန့်သွားတယ်၊သူပြောတဲ့ထဲဘာမှားတာများပါသွားလို့လဲ?

"သား အဲ့ကောင်လေးအပြုအမူတွေအတွက်စိတ်မဆိုးပါနဲ့သားရယ် သူကနည်းနည်း ..အင်း... ထိလွယ်ရှလွယ်လေးမလို့ပါ"

"အာ ရပါတယ်အန်တီ ကျွန်‌တော်စိတ်ထဲမထားပါဘူး ဒါဆိုကျွန်တော်သူ့ကိုစကားသွားပြောလိုက်အုန်းမယ်နော်"
ရှောင်းကျန့်အခန်းထဲဝင်လာပြီး စာကြည့်စားပွဲမှာစာဖတ်ရင်းအလုပ်ရှုပ်‌နေတဲ့ရိပေါ်ဘေးမှာဝင်ထိုင်လိုက်တယ်။

"ရိပေါ် မနက်ဖြန် ကျောင်းပိတ်ရက်မလား ကိုယ်တို့ အပြင်သွားရအောင်"ရိပေါ်ဘက်ကဘာမှပြန်မပြောလာတာကြောင့် ဘေးကိုနည်းနည်းကပ်သွားပြီး သူထပ်ခေါ်လိုက်တော့ ကောင်လေးကရုတ်တရက်လှည့်ကြည့်လာတယ်၊ချစ်စရာကောင်းတဲ့မျက်နှာလေးကတော့ဒေါသတွေအပြည့်နှင့်...

Come With Me Where stories live. Discover now