Part-3

1K 79 0
                                    

အိပ်ပျော်နေရင်းတစ်စုံတစ်ယောက်ကစိုက်ကြည့်နေသလိုခံစားရတာ‌ကြောင့်ရှောင်းကျန့်ကသူ့မျက်လုံးတွေကိုဖြေးညှင်းစွာဖွင့်လိုက်တော့ သူ့ကိုစိုက်ကြည့်နေ‌တဲ့ရိပေါ်ရဲ့အကြည့်စူးစူးတွေနဲ့တိုးတယ်။သေချာသတိထားမိမယ်ဆိုရင်သူတို့နှစ်ယောက်မျက်နှာဟာ လက်မအနည်းငယ်ပဲခြားတော့တာ.

"အားးး ဘာလုပ်နေတာလဲ ရိပေါ် !!မင်းငါ့ကိုအသက်ထွက်အောင်လုပ်နေတာလား"

"ခင်ဗျား အသက်ရှူနေသေးလားစစ်ဆေးနေတာလေ"ရိပေါ်ကပြီတီတီမျက်နှာဘေးနဲ့ပြောလာတယ်။

"ဘာဆိုင်လို့လဲ မင်းအိပ်ပျော်နေတဲ့သူကိုအဲ့လိုမကြည့်ရဘူးဆိုတာမသိဘူးလား အကျင့်ပုတ်လိုက်တာ"

"တကယ်လား" ရိပေါ်ကပြုံးပြီး
"ဒါဆို ခင်‌ဗျားလဲမနေ့ကကျွန်တော့ကိုဒီလိူကြည့်နေတာပဲလေ မဟုတ်ဘူးလား"
ရှောင်းကျန့်ကမျက်နှာကိုရေနွေးနဲ့အပတ်ခံလိုက်ရသလိုနွေးသွားတယ်။ပါးပြင်နှစ်ဖက်ဟာလဲအနည်းငယ်ရဲလာပီး......

" အာ ကိုယ်က မင်းအိပ်ပျော်နေတယ်ထင်နေတာ"
ရိပေါ်က လွယ်အိတ်ထဲထည့်စရာရှိတာထည့်ရင်း
"ခင်ဗျားဒီနေ့ ဘယ်ကိုသွားဖို့စီစဉ်ထားလဲ"

"အာ ကိုယ်ကမ်းခြေကိုလမ်းလျှောက်ချင်တယ် မင်းမာမားပြောတာတော့တော်တော်လှတယ်ဆို"

"အင်း ဟုတ်တယ် ဒါပေမဲ့....."

"မင်း ကိုယ့်ကိုလိုက်ပို့မယ်မလား"ရိပေါ်စကားပြောလို့တောင်မဆုံးသေးရှောင်းကျန့်ကဖြတ်ပြောလိုက်တယ်။

"ကျွန်တော် ကျောင်းသွားရမှာ"

"မင်းအတန်းပြီးရင်.."ရှောင်းကျန့်ကပြောရင်းရိပေါ်နားကပ်သွားတယ်။ထို့နောက် ရိပေါ်လက်ကိုလှမ်းကိုင်လိုက်ရင်း
"ကိုယ် အဲ့နားမှာစောင့်နေမယ်"
ရိပေါ်ကခေါင်းညိမ့်လိုက်ပြီး
"ကောင်းပြီလေ ခင်ဗျားအတွက်တခြားစက်ဘီးထားခဲ့မယ်။အဲ့တာနဲ့သွားပေါ့"

"ကိုယ် မစီးတတ်ဘူး"

"ဘာ ခင်ဗျားလာနောက်နေတာလား"ရိပေါ်ကမျက်လုံးတွေပြူးကျယ်သွားပြီးတော်တော်အံ့ဩသွားတယ်

Come With Me Where stories live. Discover now