Part-12(Z)

282 9 0
                                    

ရှောင်းကျန့်ကတံခါးဝမှာရပ်နေရင်းဆိုဖာပေါ်မှာထိုင်နေတဲ့ကောင်လေးကိုမလှုပ်မယှက်ကြည့်နေတယ်။တကယ်သူ့ရဲ့မောင်ပဲ ဒါမဲ့ သူမယုံနိုင်သေးဘူး အကယ်၍သူမျက်စိမှိတ်ပြီးပြန်ဖွင့်လို့မရှိတော့မှာကို သူအရမ်းကြောက်ပါတယ်။

"မောင်ပါ ရှောင်းရဲ့မောင်လေ အိမ်မက်ထင်နေတာလား လာပါအုန်းဖက်ထားချင်လို့"ရိပေါ်ကနူးနူးညံ့ညံ့လေးပြောပြီး သူ့လူသားလေးကိုလက်နှစ်ဖက်ဆန့်တန်းရင်းကြိုနေလိုက်တယ်။

"မောင်ပါ ရှောင်းရဲ့မောင်လေ အိမ်မက်ထင်နေတာလား လာပါအုန်းဖက်ထားချင်လို့"ရိပေါ်ကနူးနူးညံ့ညံ့လေးပြောပြီး သူ့လူသားလေးကိုလက်နှစ်ဖက်ဆန့်တန်းရင်းကြိုနေလိုက်တယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"မောင့်.."ရှောင်းကျန့်က‌အော်ဟစ်လုနီးပါးပြေးသွားပြီးရိပေါ်ရဲ့လည်ပင်းကိုတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်တယိ။သူတို့နှစ်ယောက်ကြား ကြားလေသွေး‌ဖို့တောင်နေရာလပ်မရှိ။တကယ်ပဲသူ့ရဲ့မောင်ပါပဲ။သူအိမ်မက်မက်နေတာမဟုတ်ဘူး သူ့အတွက်ပဲအမြဲဖြစ်တည်တဲ့ မောင့်ရဲ့နွေးထွေးမှူကိုသူခံစားနေရပြီ

"လွမ်းနေတာ ရူးတော့မလိုပဲ မောင့်ကိုလွမ်းနေတာ အင့်" ရှိုက်သံလေးကြားကနေတိုးသဲ့သဲ့ထွက်ပေါ်လာတဲ့အသံလေး...

"တောင်းပန်ပါတယ် မောင့်ကိုထားခဲ့လို့ ငါ့ရဲ့မောင်ကလေးကိုထားခဲ့မိလို့ ကိုယ်မောင့်ကိုချစ်တယ် အရမ်းချစ်တယ်"သူဒီစကားကိုပြောချင်နေခဲ့တာ နောက်ဆုံးတော့ သူပြောနိုင်ခဲ့ပြီ။

"မငိုနဲ့ မငိုနဲ့တော့ နော် ရှောင်းငိုနေရင်မောင့်ရင်တွေနာတယ်"မျက်ရည်တွေကိုသုတ်ပေးလိုက်ပြီးရှောင်းကျန့်ရဲ့လက်သေးသေးလေးကို သူ့နှုတ်ခမ်းနားဆွဲယူပြီးနမ်းလိုက်တယ်။

"ကြည့်ပါအုန်း ငိုထားတာကလေးလေးကျနေတာပဲ ဘာလို့အတိတ်ကိုပြန်တွေးနေမှာလဲ အခုမောင်တို့တူတူရှိနေပြီလေ "ရိပေါ်ကပြောပြီး ရှောင်းကျန့်နှုတ်ခမ်းတွေကိုစတင်နမ်းရှိုက်လာတယ်။ အနမ်းတွေကတဖြေးဖြေးသိပ်သည်းလာတော့ ရှောင်းကျန့်ကအလိုက်သင့်သူ့နှုတ်ခမ်းတွေကိုဖွင့်ဟပေးလိုက်တယ်၊ရိပေါ်ရဲ့လျှာဖျားတွေက သူ့ခံတွင်းထဲစိတ်ကြိုက်ခြယ်လှယ်နေပြီး နှုတ်ခမ်းတွေကိုစုပ်လိုက် ကိုက်လိုက်နဲ့ ပြင်းပြင်းပြပြနမ်းနေတယ်။ကြာတော့ရှောင်းကျန့်ဒူးတွေမခိုင်ပဲ ခွေယိုင်လဲချင်လာတော့ ရိပေါ်ကသိသည့်အလား ရှောင်းကျန့်ကိုတင်းတင်းကြပ်ကြပ်ခါးကနေဆွဲပြီးဖက်ထားတယ်။ရိပေါ်ကဆိုဖာပေါ်ထိုင်ချလိုက်ပြီး ရှောင်းကျန့်ကိုသူ့ပေါင်ပေါ်ဆွဲတင်လိုက်ပြီးဆက်လက်နမ်းနေတယ်။ခနအကြာတော့ရှောင်းကျန့်ကရိပေါ်လည်ပင်းတွေကိုသိုင်းဖက်လိုက်ပြီး ပခုံးပေါ်ခေါင်းတင်ထားကာအမောဖြေနေလိုက်ဝာယ်။

Come With Me Where stories live. Discover now