Part-6(Z)

295 9 0
                                    

"မား ရှောင်းကျန့်ရော သူဘယ်မှာလဲ"ရိပေါ်ကအရမ်းကိုစိတ်‌တွေလှုပ်ရှားနေပြီး အခန်းထဲကိုဝင်သွားသည်။

"ကျွန်ဝောာ် ကမ်းခြေမှာသွားရှာနေတာ တစ်နာရီလောက်ရှိပြီ မတွေ့ဘူး"
"ဘာလို့....ဘာလို့မစောင့်တာလဲကွာ...
မား သားပြန်လာခဲ့မယ်နော်"သူ့မာမားရဲ့ပြန်ဖြေသံကိုတောင်နားမထောင်တော့ပဲ
စက်ဘီးကိုအမြန်ဆုံးအရှိန်နဲ့နင်းပြီးကမ်းခြေကိုထပ်သွားတယ်။သူမိနစ်အနည်းငယ်လောက်ထပ်ရှာတဲ့အထိမတွေ့သေးဘူး။ရုတ်တရက် ရေထဲမှာအပြာရောင်အကျီလေးကိုတွေ့လိုက်ရတယ်။သေချာပြန်စဉ်းစားကြည့်မှမနက်ကရှောင်းကျန့်ဝတ်ထားတဲ့အကျီပဲ။ရိပေါ်ကတော်တော်လေးတုန်လှုပ်သွားတယ်။

"မ..မ ဖြစ်နိုင်လောက်ပါဘူး"ရိပေါ်ကပင်လယ်ဘက်ကိုအမြန်ပြေးပြီး ရှောင်းကျန့်ရှိတဲ့နေရာကို ကူးသွားလိုက်ဝာယ်။နောက်ဆုံး ရှောင်းကျန့်ကိုယ်သေးသေးလေးကို ပွေ့ယူပြီး ကမ်းပေါ်သို့ပြန်လည်ကူးခတ်လာတယ်။နှုတ်ကလဲတတွတ်တွတ်အော်ခေါ်ရင်း..

"ရှောင်း...ကျွန်တော့်ရဲ့ရှောင်း ခနပဲသည်းခံရောက်တော့မှာ ..ရှောင်း "
ကမ်းပေါ်ရောက်တော့ ရှောင်းကျန့်ရဲ့နှလုံးရှိမဲ့နေရာကို မျက်ရည်တွေတသွင်သွင်စီးကျရင်းလက်နဲ့ဖိပေးကာ သတိပြန်လည်လာအောင်ကြိုးစားနေတယ်။

"ရှောင်း မျက်လုံးဖွင့်ပါ ၊တောင်းပန်ပါတယ် ခင်ဗျားကျွန်တော့ကိုဒီလိုထားခဲ့လို့မရဘူးလေ၊ကျေးဇူးပြုပြီး ရှောင်းရယ်၊ကျွန်တော့ရင်ထဲက ခံစားချက်တွေကိုဝောာင် ခင်ဗျားကိုဘာမှမပြောရသေးဘူးလေ အဲ့လိုမလုပ်ပါနဲ့ ထပါ"
အချိန်အနည်းငယ်ကြာတော့ ရှောင်းကျန့်က ပါးစပ်ထဲကရေတွေပြန်အန်လာပြီး မှိတ်ထားတဲ့မျက်လုံးတွေကလည်းတဖြေးဖြေးပြန်ပွင့်လာသည်။ရိပေါ်မျက်နှာကိုမော့ကြည့်ရင်းတိုးတိုးလေးပြောလာတယ်

"ရိပေါ်..တကယ်..တကယ်ပဲရောက်လာတယ်..ကိုယ့်ကိုလာကယ်ဝာာမလား"

"ရှောင်း အဆင်ပြေလား  ပြပါအုန်း ကျွန်တော်ကြည့်အုန်းမယ်၊ ဘယ်နားကနာလဲဟင် ကျွန်ဝောာ့်ကိုပြော"ရိပေါ်ကမျက်ရည်တွေကျလိုက်၊ ကျလာတဲ့မျက်ရည်တွေကိုဆွဲသုတ်လိုက်နဲ့ ပါးစပ်ကလည်းတတွတ်တွတ်ရွတ်နေတယ်။ ဘာမှမဖြစ်တာသေချာမှ ရိပေါ်က ကျလာတဲ့မျက်ရည်တွေကိုလဲမသုတ်တော့ပဲ
ကျဆင်းခွင့်ပြုလိုက်တော့တယ်။ဒူးပေါ်ကိုခေါင်းတင်ပြီးတစ်ကိုယ်လုံးတုန်ရင်စွာ တရှုံ့ရှုံ့ငိုကြွေးနေတဲ့ရိပေါ်က ငိုနေရင်း ရှောင်းကျန့်ကိုလဲစကားတွေပလုံးပထွေးပြောနေတယ် ရှောင်းကျန့်ဘာမှနားမလည်ပေမဲ့လို့ပေါ့...

Come With Me Where stories live. Discover now