"လာ ရှောင်းကိုနွေးအောင်လုပ်ပေးမယ်"ရိပေါ်ကရှောင်းကျန့်ဘေးမှာလှဲချလိုက်ပြီးပိုပြီးနီးကပ်အောင်တိုးသွားလိုက်တယ်။နှစ်ယောက်လုံးကအပေါ်ပိုင်းဗလာအခြေအနေမို့တစ်ယောက်နဲ့တစ်ယောက်နီးကပ်နေတဲ့အခါအို့တို့အန်းတန်းနဲ့ရှက်စိတ်ကဝင်လာတယ်။ရိပေါ်ကရှောင်းကျန့်ရဲ့ခါးကိုတင်းနေအောင်ဖတ်ထားရင်း
"အေးနေသေးလား"
"ဟင့်အင်း မင်းကအရမ်းနွေးတယ် "
"ရှောင်းက ကျွန်ဝောာ့်ကိုအကြာကြီးဖက်မထားစေချင်ရင်ရော"
"ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး"ရှောင်းကျန့်ကရိပေါ်ကိုမော့ကြည့်ပြီးပြုံးပြလိုက်ရင်း
"ကိုယ်မင်းကိုမေးစရာရှိလို့ မင်းကိုယ့်အသက်ကိုကယ်ခဲ့တုန်းက ကိုယ့်မှာအန္တရာယ်ရှိနေတယ်လို့ခံစားရတာလား""ဟုတ်ဝာယ် ကျွန်ဝောာ်ပြောသားပဲ ရှောင်းလက်မှာဝတ်ထားတဲ့လက်ပတ်ကြိုးကစွမ်းပါတယ်ဆို"
"အဲ့တာဆိုအဲ့တုန်းကနောက်မှပြောပြမယ်လို့ပြောခဲ့တဲ့ဟာအခုပြောပြ"(မမှတ်မိရင်part5မှာပြန်ဖတ်ကြည့်လိုက်ပါနော်)
"အချစ်"ရှောင်းကျန့်မျက်နှာနားကိုပိုမိုနီးကပ်လာပြီး
"ပေးတဲ့သူနဲ့လက်ခံတဲ့သူကြားကစစ်မှန်အချစ်နဲ့မေတ္တာတရားရှိမှသာအဆင်ပြေမှာတဲ့""ရိပေါ် မင်း"ရှောင်းကျန့်စကားဆုံးအောင်တောင်မပြောလိုက်ရပဲ ရိပေါ်ကသူ့နှုတ်ခမ်းတွေကိုစုပ်ပြီးညင်သာစွာနမ်းနေတယ် အဲ့တာကဘာနဲ့တူလဲဆိုတော့ကမ္ဘာပေါ်ကအရသာအရှိဆုံးအရာတစ်ခုလိုပဲသူခံစားရတယ်။ရှောင်းကျန့်ကအသက်ရှူမဝတော့မှရိပေါ်မျက်နှာကိုလက်နှစ်ဖက်နဲ့နောက်ကိုတွန်းလိုက်သည်။
"ရှောင်း ခင်ဗျားကကျွန်တော်အသက်ရှင်နေရတဲ့အကြောင်းပြချက်လေးပဲ၊ကျွန်ဝောာ်ခင်ဗျားပေါ်မှာထားတဲ့ခံစားချက်တွေဘယ်လောက်ပြင်းထန်နေလဲလို့တစ်စုံတစ်ယောက်ကလာမေးရင်တောင် ဖြေနိုင်မှာမဟုတ်ဘူး၊စကားလုံးတွေနဲ့တောင်မဖော်ပြနိုင်လို့ ကျွန်ဝောာ်ပြောချင်တာက ရှောင်းကိုလွမ်းတယ် ၊ရှောင်းကိုလိုချင်တယ် ၊ရှောင်းကိုလိုအပ်တယ် ပြီးတော့ ရှောင်းကိုချစ်ဝာယ်"
YOU ARE READING
Come With Me
FanfictionI do not own this story. Translated with permission. Start date - 28.11.21 End date - 14.12.21