"ဒီလိုတွေတစ်ချိန်ကျဖြစ်လာမယ်ဆိုတာကျွန်တော်သိပါတယ်၊ ဒါပေမဲ့ အခုလောက်ကြီးမြန်မြန်ကြုံလိုက်ရတော့ ဘာလို့ဒီလောက်တောင်နာကျင်ရတာလဲ"
ရှောင်းကျန့်ကခေါင်းကိုငုံ့ချလိုက်ပြီး သူဘာလုပ်ရမလဲ အမုန်းတရားတွေနဲ့ နာကျင်မှုတွေကနေ လွတ်မြောက်ဖို့ ဒီကိုလာခဲ့တယ်။အရာအားလုံးပြီးသွားတဲ့အထိ ခဏလောက် အနားယူဖို့ ရောက်လာခဲ့ပေမဲ့ဒီမှာ ပထမဆုံးနဲ့ စစ်မှန်တဲ့ အချစ်ကို ရှာတွေ့တော့မယ်လို့ ဘယ်သူက သိနိုင်မှာတဲ့လဲ သူကိုယ်တိုင်တောင်မသိခဲ့ဘူးလေ။ ရိပေါ် ကို စွန့်ခွာပြီးသွားရမှာဟာ သူ့ဘဝရဲ့ အကြီးမားဆုံး အစိတ်အပိုင်း နှလုံးသားနဲ့ ဝိညာဉ်တွေကို ဆုံးရှုံးလိုက်ရသလိုပါပဲ။ ဒါပေမယ့် သူ့ရဲ့အောင်မြင်မှုတွေကကော။ ဒီနေရာအထိရောက်ဖို့ သူလုပ်ခဲ့သမျှ၊ သူကြိုးစားမှုကြောင့် ရရှိခဲ့တဲ့သူ့ရဲ့ပရိသတ်တွေ သူပြန်လာမည့်အချိန်ကို စိတ်ရင်းမှန်ဖြင့် စောင့်မျှော်နေတဲ့လူတွေ ၊ ရှောင်းကျန့် ကို မထိခိုက်အောင်အမြဲထောက်ပံ့ပေးတဲ့သူ့မာမားနဲ့ပါပါး၊ ဒါတွေ.. ဒါတွေ ...သူဘာဆက်လုပ်ရတော့မှာလဲ?
"ရတယ် ရှောင်းမရှိလဲ ကျွန်တော်ကနေနိုင်တယ်"ရိပေါ်ရဲ့အသံကဖျော့တော့စွာထွက်လာတယ်။
ရှောင်းကျန့်ကရိပေါ်ကိုကြည့်မိတော့ဇွတ် မှိတ်ထားတားတဲ့မျက်လုံးအိမ်ထဲကမျက်ရည်တွေကတသွင်သွင်စီးကြနေတယ်၊ဒီကောင်လေးမျက်ရည်ကျနေတာမြင်ရတာဟာ သူ့ရင်တွေကိုအကြိမ်ကြိမ်ကွဲစေပါတယ်။"ငါ့ကိုနောင်တမရပဲ ထွက်သွားစေချင်နေတာလား ၊မောင် မင်းနာကျင်နေတာတွေငါမမြင်ဘူးထင်နေတာလား ဟင်"
"အဲ့တော့ ခင်ဗျားကကျွန်တော့်ကိုဘာဖြစ်စေချင်နေတာလဲ"ရိပေါ်ကလက်သီးတွေကိုတင်းနေအောင်စုပ်ပြီးအော်ပစ်လိုက်တယ်
"ဟုတ်တယ် နာကျင်တယ်၊ကြောက်လဲကြောက်တယ်၊ခင်ဗျားကိုလဲသွားခွင့်မပေးချင်ဘူး၊အဲ့တော့ရော...၊ခင်ဗျားကျွန်တော့်ကိုတစ်ခုခုဖုံးကွယ်ထားဝာယ်မလား မဟုတ်ဘူးခင်ဗျားမကြာခင်ထွက်သွားတော့မှာ ကျွန်တော်သိတယ်၊အရူးလိုခင်ဗျားကိုချစ်မိပြီး ခင်ဗျားပြန်ချစ်အောင်လဲလုပ်ခဲ့တယ်၊ဒါမဲ့....ဒါမဲ့အကုန်လုံးကကျွန်တော့်အမှားတွေ၊၊
YOU ARE READING
Come With Me
FanfictionI do not own this story. Translated with permission. Start date - 28.11.21 End date - 14.12.21