စကားစမြည်

24.9K 697 36
                                    

Hello !! Intro လေး နဲနဲပြောပါရစေ ...

ပထမဆုံး ပြောချင်တာက ဒါက ကိုယ် Chinese novel အရှည်ကို ပထမဆုံး ဘာသာပြန်ပြီး ရေးပေးတာပါ
ခါတိုင်းကိုယ်တိုင် ဖတ်ရုံပဲ ဖတ်ပြီး သူငယ်ချင်းတွေကို ပြောပြရုံ ဆွေးနွေးရုံလောက်ပဲ ရှိတာမို့ စာချရေးတာနဲ့တော့ မတူပါဘူး
ပြီးတော့ ကိုယ်က Manhwa လေးတွေ webtoon လေးတွေ Comic တွေနဲ့ တခြား novel အတိုလေးတွေလောက်ပဲ ဝါသနာ အရ သူငယ်ချင်းတွေကို ကူပြန်ပေးဖူးတာပဲ ရှိတာမို့ပါ
နောက်ပြီး ကိုယ့် skill က အခုမှ လေ့လာတုန်း သင်ယူတုန်းပဲ ရှိပါသေးတယ် ဒါကြောင့် လိုအပ်ချက်တွေများမှာပါ
စာအရေးအသား smooth ဖြစ်အောင်တော့ အတက်နိုင်ဆုံး မြန်မာမှုပြုပြီး ရေးသားပေးမှာပါ
နောက်တခုက ကိုယ်က စကားနဲနဲဝဲတဲ့အတွက် သူများနဲ့ အသံထွက် မတူတာတွေ ရှိပါတယ် ကိုယ်နားလည်သဘောပေါက်တဲ့အသံနဲ့ မူရင်းအသံနဲ့ ကြားထဲ လွဲနေတာမျိုးတွေ ရှိတာမျိုးပါ တချို့ နာမည်တွေဆို သူ့ဘာသာသူမှန်နေရက်နဲ့ ကိုယ်ခေါ်လိုက်မှ အသံနဲနဲကွာနေတာမျိုးတွေလည်း ရှိဖူးလို့ပါ
အဲဒီအခါကြ စာထဲရေးတဲ့အခါ ကိုယ်နားလည်ပြီး ခေါ်ကြည့်တဲ့အသံနဲ့ ချရေးလိုက်တဲ့ စာလုံးပေါင်း မတူမှာ စိုးပါတယ်။ အတက်နိုင်ဆုံး နီးစပ်အောင် ရေးသွားမှာ ဖြစ်ပေမယ့် မှားသွားတာမျိုးရှိရင်လည်း အပြုသဘောနဲ့ လာပြောပြလို့ ရပါတယ်။ ဒီက စိတ်မဆိုးတက်ပါဘူးနော်။ တကယ်လို့ လုံးဝ အဆင်မပြေတာမျိုးဆိုရင်တော့ ဝိနည်းလွတ် English လိုပဲ ထည့်ရေးပေးသွားပါ့မယ် နာမည်စာလုံးပေါင်းရယ် ကိုယ့်လိုအပ်ချက်ရယ်ကြောင့် မူရင်းဝတ္ထု အရသာပေါ့သွားမှာ စိုးရိမ်လို့ပါ။ ကျန်တာကတော့ ဘာသာပြန်ရင်း လိုအပ်တာ ရှိမှ ထပ်ပြောပြပါ့မယ်နော်။

နောက်ပြီး ဒီဝတ္ထုလေးက ဖတ်တာ သိပ်မကြာသေးပါဘူး။ ပြောရရင် တစ်လတောင် မပြည့်သေးဘူး ကိုယ့်အမ တယောက်ညွှန်းလို့ ဖတ်ရင်း စဖတ်ဖြစ်သွားတာ ကိုယ်အခုမှ အပိုင်း ၅၀ လောက်ပဲ ရောက်ပါသေးတယ် ကိုယ့်အမကတော့ အပိုင်း ၈၀ အခုဆို ၁၀၀ နီးပါး ရောက်ပြီ ထင်ပါတယ်
ဒါလေးက အပိုင်း (30) နောက်ပိုင်းက စပြီး ယွမ်နဲ့ ဝယ်ဖတ်ရတာမို့ ကိုယ်တယောက်တည်း မဖတ်တော့ဘဲ ဇာတ်လမ်းကောင်းလေးကို ဘာသာပြန်ပြီး တခြားသူတွေကိုပါ ပြန် share လုပ်ချင်လာတဲ့ စိတ်ကူးလေး ပေါက်လာလို့ပါ

🐉 Catch A Dragon Become My Wife 🐉 Myanmar TranslationWhere stories live. Discover now