{အခန်း - 32} နတ်ဆိုးများနဲ့ မကောင်းဆိုးဝါးများ

2.2K 395 78
                                    

အခန်း : (32) နတ်ဆိုးများနဲ့ မကောင်းဆိုးဝါးများ
......................................................

အပြင်ဘက်က အခန်းမှာက ကုတင်မရှိဘူး၊ ဧည့်ခံဖို့ထိုင်စရာ စားပွဲခုံနဲ့ ထိုင်ခုံတွေပဲ ရှိတော့ ဘယ်လိုလုပ်ပြီး တယောက်ယောက် အိပ်လို့ အဆင်ပြေမှာလဲ။

တကယ်တော့ ယန်ယွမ် သူ့ပါးစပ်က တံခါးပိတ်လိုက်ဖို့ မပြောထားတဲ့အတွက် သူ့စိတ်ထဲမှာ တွေးထားတာက ရွှမ်လုံကသာ ပျော့ပျောင်းတဲ့ စကားနဲနဲလောက်နဲ့ သူ့ကို ချော့လာခဲ့ရင် အိပ်ရာတဖက်ခြမ်းမှာ သူဝင်အိပ်ဖို့ ဘာလို့ ခက်ခဲနေမှာလဲ။

ဒါပေမယ့် ဒီနဂါးက မိုက်မဲလွန်းပြီး မိုက်မဲတာမှ လူတွေကို ချော့ဖို့စကားကို ဘယ်လိုပြောရမယ်မှန်းတောင် မသိလောက်အောင်ပဲ။ တကယ်လို့ သူ့ကို သွားခိုင်းရင် ထွက်သွားပေးလိုက်မှာပဲ၊ ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်သလဲ။

သူ တစ်ညလုံး စိတ်ရှုပ်ထွေးစွာနဲ့ တစ်ယောက်တည်း အိပ်ပျော်သွားပြီး နောက်နေ့မနက်မှာတော့ အစောကြီး တိတ်တိတ်လေး ထွက်လာခဲ့တယ်။ သူ အပြင်ဘက်အခန်းကို ရောက်တော့ စားပွဲပေါ်မှာ လှဲအိပ်နေတဲ့ ရွှမ်လုံကို တွေ့လိုက်ရတယ်။ ယန်ယွမ်ရဲ့ အေးစက်တဲ့အကြည့်တွေကို သူ ခံစားမိသွားလို့ ထင်တယ်၊ သူ့ကလည်း ကွတ်တိပဲ လှမ်းကြည့်လာခဲ့တယ်။

"အားယွမ် " သူက တစ်ခုခုပြောချင်သလို တုံ့ဆိုင်းစွာနဲ့ ပါးစပ်ကိုဖွင့်လိုက်ပေမယ့်လည်း ယန်ယွမ်က သူ့ကို အခွင့်အရေးမပေးဘဲ နှာခေါင်းရှုံ့လိုက်ရင်း ဝတ်ရုံရဲ့အင်္ကျီလက်စတွေကို ခါလိုက်တယ်။

ရွှမ်လုံက နေရာမှာတင် အကြာကြီး အေးခဲတောင့်တင်းနေပြီး တဖြည်းဖြည်း မျက်လွှာချလိုက်တယ်။

တကယ်လို့ ယွမ်ယွမ်ကသာ သာမန်လူသားတွေဆီကနေ တစ်စုံတစ်ရာကို အလိုရှိခဲ့ရင် သူ့ရဲ့ ရွှေနှုတ်တော်ကို ဖွင့်ဟပြောရန်သာ လိုအပ်ပြီး သူလိုချင်တာကို သူ့ဆီအ​ပြေးအလွှား လာရောက်ဆက်သမယ့် လူတွေ အများကြီးပဲ ရှိတယ်။ ဒီနဂါးကသာ ဘယ်အရာက ကောင်းတယ်၊ ဆိုးတယ် ဆိုတာကို မသိဘဲ
သူ့ထဲမှာရှိတဲ့ အမြုတေကို ရတနာတခုလိုမျိုး ကိုင်ဆောင်ထားပြီး ထုတ်ပေးဖို့ ငြင်းဆန်နေတယ်။

🐉 Catch A Dragon Become My Wife 🐉 Myanmar TranslationWhere stories live. Discover now