{အခန်း - 24}

2.2K 384 36
                                    

အခန်း : (24)
.................

လေထဲကနေတောင် ယန်ယွမ်ရဲ့ ဒေါသကို လှမ်းမြင်ပြီး ခံစားလို့ရနေတယ်။

ရွှမ်လုံ က ယန်ယွမ် ဒေါသအရမ်းထွက်နေတာကို မမျှော်လင့်ထားပါဘူး၊ အချိန်ခဏလောက် မတ်တပ်ရပ်နေပြီး နှုတ်ဆိတ်နေရာက " ငါ Gutan ကို ပြန်သွားခဲ့တာ" လို့ပြောလိုက်တယ်။

ယန်ယွမ်က "မင်း ဘာပြန်လုပ်တာလဲ"

ရွှမ်လုံက ဘယ်လို လိမ်ပြောရမယ်ဆိုတာကို မသိသောကြောင့်မို့ ယန်ယွမ်ရဲ့ရန်လိုတဲ့အကြည့်တွေကို ရှောင်ရှားဖို့ သူ့မျက်လုံးတွေကို ငုံ့ထားလိုက်တယ်။ အဲဒါက သူ့ကို အမြဲဝမ်းနည်းစေခဲ့တယ်။

"တစ်ခုခု ယူလိုက်ပါ"

"ဘာကိုလဲ" ယန်ယွမ်က လက်လွှတ်ဖို့ ငြင်းဆန်တယ်။

ရွှမ်လုံ ခဏရပ်လိုက်ပြီး သူ့ဘက်သို့ ဖြည်းညှင်းစွာ လျှောက်သွားတယ်၊ ယန်ယွမ်ရဲ့လက်ကို ကိုင်ထားဖို့ ကွေးလိုက်တယ်။ ဒါက သူ့အတွက် လူတွေကို ချော့နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပဲ ဖြစ်တယ်။

"စိတ်မဆိုးပါနဲ့..."

ဒါက ယန်ယွမ် သူ့အပေါ်ကို အလုပ်များတဲ့ အပတ်စဥ်နေ့တွေမှာ ပြုမူသလိုမျိူးပါပဲ။

ဒါပေမယ့် ယန်ယွမ်က ရှောင်လိုက်ပြီး နောက်ကိုလည်း ခြေလှမ်း ပြန်ဆုတ်သွားခဲ့တယ်။

ရွှမ်လုံ ဘာလုပ်ရမှန်းမသိတော့ဘူး၊ သူ့ရဲ့ စိမ်းလဲ့အေးမြ
နေတဲ့ မျက်လုံးလေးတွေက ယန်ယွမ်ကို တိတ်တဆိတ် ကြည့်နေပြီး သူတို့​တွေထဲမှာ မသိမသာ အံ့ဩတုန်လှုပ်သွားတယ်။

ယန်ယွမ်က သူ့ကို ခဏလောက်ကြည့်ပြီးတဲ့နောက် လှည့်ထွက်သွားတယ်။

ရွှမ်လုံရဲ့ မသိစိတ်က ခြေတစ်လှမ်းလှမ်းလိုက်ပြီး "အားယွမ်" လို့ ရေရွတ်လိုက်တယ်။

ယန်ယွမ်က ပိတ်ထားတဲ့ နန်းဆောင်တံခါးရှေ့မှာ ရပ်လိုက်ပြီး
သူ့ဘက်ကို ပြန်လှည့်လိုက်ရင်း

"နှုတ်မဆက်ဘဲ သွားတဲ့မင်းကို အရမ်း စိတ်ပူနေမယ်ဆိုတာကိုရော မင်းသိရဲ့လား"

ရွှမ်လုံက သူ့ရဲ့ အရပ်မြင့်မြင့်ကျောပြင်ကျယ်ကို ကြည့်ရင်း

🐉 Catch A Dragon Become My Wife 🐉 Myanmar TranslationWhere stories live. Discover now