{အခန်း - 44} ကွဲအက်သွားတဲ့ကျောက်စိမ်း အပိုင်းအစ

3K 485 30
                                    

အခန်း : (44) ကွဲအက်သွားတဲ့ကျောက်စိမ်း အပိုင်းအစ
............................................................

ရထားလုံးက လမ်းမပေါ်မှာ စောလျှင်စွာ မောင်းနှင်လာပြီး Qiqiao ပွဲတော်ရဲ့ ပျားပန်းခပ်လှုပ်ရှားသွားလာမှုတွေကလည်း တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားခဲ့တယ်။ နန်းတော်နဲ့ နီးလေလေ ဈေးက ဘာမှမရှိတော့လေလေပါပဲ။

လှည်းပေါ်မှာ နှစ်ယောက်သား ဘေးချင်းကပ်ရပ်ထိုင်ကြပြီး နင်ကျွိယွိက ယန်ယွမ်ရဲ့ ပခုံးကိုမှီရင်း တစ်ခုခုကို တိုးတိုးလေးပြောပေမယ့်လည်း ယန်ယွမ်က သူ့ကို ဘယ်လိုမှ တုံ့ပြန်ခြင်းမရှိလာဘူး။

"အားယွမ် ?"

"အားယွမ် ?..."

နင်ကျွိယွိက ယန်ယွမ့်ကို အကြိမ်ပေါင်းများစွာ ခေါ်ပေမယ့် ယန်ယွမ်က ပြန်ထူးလာပြီး နင်ကျွိယွိကို လှည့်ကြည့်လိုက်တယ်။

"...ဟင်"

နင်ကျွိယွိက ထထိုင်လိုက်ပြီး စိတ်ပူစွာပြောလိုက်တယ်။

"ဘာတွေတွေးနေတာလဲ ?"

"လွန်ခဲ့တဲ့ရက်တွေတုန်းကလည်း မင်းငါနဲ့ အတူရှိတဲ့အခါ အာရုံပျံ့နေသလိုပဲ၊ နိုင်ငံ့ရေးရာမှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့လို့လဲ ?"

ယန်ယွမ်က ပြုံးပြီး "မဟုတ်ပါဘူး"

နင်ကျွိယွိက သူ့ရဲ့ ချောမောပြီး ခန့်ငြားတဲ့ ခန္ဓာကိုယ်ကို စူးစိုက်စိုက်စိုက်ကြည့်ရင်း သူ့ရဲ့ နှလုံးသားထဲမှာတော့ ပြောမပြနိုင်တဲ့ ဝမ်းနည်းမှုတွေမြဲမြံစွာ ကြည့်နေမိတယ်၊ ဒီလူက သူ့ဘေးမှာ ထိုင်နေပေမယ့်လည်း သူ့ရဲ့ နှလုံးသားကတော့ သူ့ဆီကနေ ပိုဝေးကွာလာတာကို အမြဲလိုလို ခံစားမိလာတယ်။

ယန်ယွမ်က နင်ကျွိယွိကို ဒီနေ့အပြင်ကို ခေါ်ထုတ်သွားဖို့ အစီအစဉ်မရှိပေမယ့် နင်ကျွိယွိက သာမန်စုံတွဲတွေလို လမ်းမပေါ်မှာ မီးပုံးပွဲတွေ သွားကြည့်ချင်တယ်လို့ အချိန်အတော်ကြာအောင် တောင်းဆိုခဲ့တယ်။ နင်ကျွိယွိက ဘာကိုပဲ လိုချင်ခဲ့ပါစေ ယန်ယွမ်က မငြင်းဆန်ခဲ့ပါဘူး၊ နောက်ပြီး ဒီရက်ပိုင်းမှ နဂါးအကြေးခွံကို အသုံးပြုပြီး သူပိုကောင်းလာတာကို မြင်လာတာကြောင့်မို့ သွားဖို့ကို သဘောတူလိုက်ပါတယ်။

🐉 Catch A Dragon Become My Wife 🐉 Myanmar TranslationDonde viven las historias. Descúbrelo ahora