အခန်း : (34) "မြေခွေးမိစ္ဆာ" အပိုင်း (၁)
............................................(မကောင်းဆိုးဝါးလို့ မသုံးချင်လို့ မိစ္ဆာလို့ပဲ သုံးထားပါတယ်)
မနက်စောစောမှာ ယန်ယွမ်က ငြိမ်းငြိမ်းချမ်းချမ်း နံနက်စာစားရန်အတွက် ရွှမ်လုံနဲ့အတူ လိုက်ပါလာခဲ့တယ်။ ရန်ဖြစ်ခြင်းလည်းမရှိဘူး၊ အေးစက်တဲ့ မျက်နှာထားမျိုးလည်း မရှိပါဘူး။ ဒါဟာ အတော်လေး နွေးထွေးတဲ့ အလေ့အကျင့်တစ်ခုလိုပါပဲ။ ယန်ယွမ်က စားစရာတွေ ယူထည့်ပေးနေပြီး ရွှမ်လုံကတော့ တိတ်တိတ်လေး ခေါင်းငုံစားနေခဲ့တယ်။
ထမင်းစားပြီးနောက်မှာတော့ ယန်ယွမ်က နန်းတော်အမှုထမ်းကို လတ်လတ်ဆတ်ဆတ် ငါးနဲ့ ပြုလုပ်ထားတဲ့ကိတ်မုန့်တွေ ယူလာခိုင်းခဲ့တယ်။ သူက စက္ကူဘူးကိုထုတ်ပြီး ငါးနဲ့ ပြုလုပ်ထားတဲ့မုန့်တွေရယ် တခြားမပြီးသေးတဲ့ အဆာပြေမုန့်တွေအများကြီးကို ထုပ်ပိုးကာ လှပတဲ့အထုပ်တစ်ခုထဲကို ထည့်ပေးပြီး ရွှမ်လုံကို ပေးလိုက်တယ်။
"ယူသွားပြီး လမ်းမှာစားပါ"
"အင်း"
ရွှမ်လုံက လက်လှမ်းပြီး ယူလိုက်တယ်။ တကယ်တော့ သူကလမ်းမှာ အမဲလိုက်နိုင်စွမ်း အပြည့်ရှိပေမယ့်လည်း ယန်ယွမ်ရဲ့ ကြင်နာမှုနဲ့ သူ့အတွက်တွေးပေးတာတွေက သူ့ကို အလွန်နွေးထွေးစေတာကြောင့်မို့ ငြင်းဆန်ဖို့ ဝန်လေးနေခဲ့တယ်။
ယန်ယွမ်က "ဘေးကင်းအောင်လည်း ဂရုစိုက်ပါ၊ စောစော သွားပြီး စောစောလည်း ပြန်လာခဲ့ပါ"
"အင်း"
ရွှမ်လုံက ပြန်ဖြေလိုက်ပြီး သွားဖို့ လှည့်ထွက်လိုက်တယ်။
"နေပါဦး"
ယန်ယွမ်က သူ့ကို တားလိုက်တယ်။
ရွှမ်လုံက ယန်ယွမ်ကို လှည့်ကြည့်လိုက်တော့ ယန်ယွမ်က သူ့ဆီ လျှောက်လာတာကို မြင်လိုက်ရပြီး နဖူးကို လာနမ်းတယ်။ ရွှမ်လုံက သူ့ရဲ့ မျက်လုံးတွေကို မသိစိတ်က မှိတ်ထားလိုက်မိပြီး ယန်ယွမ်ရဲ့ အနမ်းက သူ့ရဲ့နှာတံလေးပေါ်ကနေ ဖြည်းညှင်းစွာလျှောကျလာပြီး နှုတ်ခမ်းပေါ်သို့ ကျရောက်လာတယ်။
YOU ARE READING
🐉 Catch A Dragon Become My Wife 🐉 Myanmar Translation
FantasyName : 缚龙为后 " Catch A Dragon Become My Wife" Author :舒仔 ( Shuzai ) Genere : Historical, Fantasy, Ancient, Romance Chapter : Ongoing MM tran : Y_Kalay This story is doesn't belong to me. I am just fan translator. Please, support original writer at...