{အခန်း - 13} လူသားနဲ့ မိစ္ဆာတွေရဲ့ မတူညီသောနည်းလမ်းများ

2.1K 399 71
                                    

အခန်း : (13) "လူသားနဲ့ မိစ္ဆာတွေရဲ့ မတူညီသောနည်းလမ်းများ"
.................................................................

"ဒါဆို မင်း ကတိပေးပြီးပြီနော်၊ နောင်အနာဂတ်မှာ ကိုယ် ဘယ်လောက်ပဲ အမှားလုပ်မိပါစေ၊ ဘယ်လောက်ပဲ ဆိုးနေပါစေ ကိုယ့်ကို ခွင့်လွှတ်ပေးရမယ်နော်"

ယန်ယွမ်က ကလေးလေးတစ်ယောက်လိုရော အရွယ်ရောက်ပြီးသူလိုရော စောင်ပေါ်မှာ တင်ထားတဲ့ ရွှမ်လုံရဲ့ လက်ကို ကိုင်ကာ လှုပ်ရမ်းပြီး ပြောလိုက်တယ်။

သူ့မျက်လုံးတွေမှာ ဝမ်းနည်းမှုတွေရယ် ရုန်းကန်ခြင်းတွေ (ရုန်းမထွက်နိုင်ခြင်း)တွေ  ရွှမ်လုံ နားမလည်နိုင်တဲ့ ခံစားချက်တွေ ပါဝင်နေတယ်။
'သူနားမလည်မပေးနိုင်ခဲ့ရင်ရော' ဆိုတာမျိုးကို သူပြန်မမေးခဲ့ဘဲ ရွှမ်လုံက "အင်း ငါကတိပေးပါတယ်" လို့ပဲ ပြန်ဖြေလိုက်တယ်။

ယန်ယွမ်ကို သူတဝက်တပြက်တောင် ဝမ်းနည်းမနေစေချင်ဘူး။

ဒီလောကမှာ အကောင်းမွန်ဆုံး ဆက်ဆံပေးတဲ့သူက
မကောင်းခဲ့ရင်ဖြစ်ဖြစ်၊ ဆိုးသွားခဲ့ရင်ဖြစ်ဖြစ် ဘယ်လောက်အထိ ဆိုးသွားနိုင်မှာမို့လို့လဲ။ သူ့ကို ခွင့်လွတ်ပေးဖို့လည်း ဘာလို့မဖြစ်နိုင်ရမှာလဲ။

ယန်ယွမ်၏ စိတ်ထဲက တွက်ချက်မှုတွေက မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့တယ်။ ရွှမ်လုံက အမြဲပြောပြီးရင် မှတ်ထားတတ်တာ သူသိတယ်။ သူ့ကို ကတိပေးတဲ့အခါမှာဆိုရင်လည်း သူ့ကတိကို ဘယ်တော့မှ ချိုးဖောက်ခဲ့မှာ မဟုတ်ဘူး။ သူ ခွင့်လွှတ်မယ်လို့ ပြောထားရင် ခွင့်လွှတ်မှာပဲ ဖြစ်တယ်။ ဘယ်လောက်ပဲ လွန်လွန်ကျူးကျူး လုပ်ခဲ့ပါစေ၊အလိုအလျောက် လျစ်လျူရှူ ပေးမှာပါပဲ။

စိတ်ခံစားချက် ကောင်းလာချိန်မှာတော့ အစာစားချင်စိတ်တွေလည်း ကောင်းမွန်လာခဲ့တယ်။ Luanfeng ခန်းမဆောင်မှာ နင့်ချွီယွီနဲ့ တစ်နေကုန်နေခဲ့တယ်။ ရာသီဥတုက ပူလောင်ကာအိုက်စပ်နေလို့ တစ်နေ့တာကို တော်တော်နဲ့ မစားဖြစ်တော့ဘူး။ ဒီအချိန်မှာတော့ ယန်ယွမ်က သူ့ဗိုက်ထဲ ဗလာဖြစ်နေတာကို ခံစားလိုက်ရတာမို့ တစ်ယောက်ယောက်ကို ထမင်းပွဲပြင်ဖို့ အမိန့်ပေးလိုက်တယ်။ အထဲသို့ဝင်လာပြီး အဝတ်သန့်သန့်ဝတ်ထားတဲ့ ရွှမ်လုံကို ဆွဲခေါ်ပြီး စားပွဲမှာ ထိုင်လိုက်တယ်။

🐉 Catch A Dragon Become My Wife 🐉 Myanmar TranslationTahanan ng mga kuwento. Tumuklas ngayon