{အခန်း - 35} မြေခွေးမိစ္ဆာ အပိုင်း (၂)

2.2K 360 18
                                    

အခန်း : (35) "မြေခွေးမိစ္ဆာ" အပိုင်း (၂)
..............................................

**(မြေခွေးလေးရဲ့ နာမည် 槲乐 ကို 'ဝူးလဲ့´ လို့အသံထွက်သလိုပဲ သုံးသွားပါမယ်နော်)**

ဝူးလဲ့ က မျက်ခုံးပင့်လိုက်ပြီး သူ့ရဲ့ ငွေရောင်ကြာပွတ်ပေါ်က သွေးခဲကို စိုက်ကြည့်ရင်း

"မင်းတို့ နဂါးတွေမှာ နှလုံးကိုကာကွယ်ထားတဲ့ နဂါးကြေးခွံတွေ ရှိတယ်မဟုတ်ဘူးလား၊ မင်း ဒီလို အရိုက်ခံရနေရရင်
ဘယ်လိုလုပ်မှာလဲ"

ရွှမ်လုံက သူ့ရင်ဘတ်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူ့မျက်နှာပေါ်က ကျန်နေတဲ့သွေးတွေက သာမန်မျက်စိနဲ့ မြင်နိုင်တဲ့အထိ အရှိန်အဟုန်နဲ့ မှိန်ဖျော့သွားကာ လက်ချောင်း​​တွေကြားမှာတော့ ပူပူနွေးနွေး သွေးတွေလည်း ထပ်ထွက်လာခဲ့တယ်။ ဓားရှည်ကြီးကို မြေကြီးပေါ် လွှတ်ချလိုက်ပြီး တိတ်ဆိတ်စွာ မတ်တပ်ရပ်လိုက်တယ်။

နှလုံးကိုကာကွယ်ပေးထားတဲ့ နဂါးအကြေးခွံတွေ မပါရှိဘဲဆိုရင် အဲဒါက လူသားမျိုးနွယ်ရဲ့ နုနယ်တဲ့အသားအရေနဲ့ ဘာမှ မကွာခြားဘဲ သဘာဝအတိုင်း ဒဏ်ရာရလွယ်တယ်။

ဝူးလဲ့ က မျက်မှောင်ကြုတ်ကာ သူ့နောက်ကျောကိုကြည့်လိုက်ရင်း

"ဟေး မင်း အဆင်ပြေရဲ့လား"

"ငါ မင်းကို နာကျင်အောင်လုပ်ဖို့ မရည်ရွယ်ပါဘူး၊ မင်းဘာသာမင်း သေဖို့ အတူ လာလုပ်တာပဲလေ"

သူ့ကိုယ်သူ ဒီလိုပုံသဏ္ဍာန်ဖြစ်နေတာကို သိလိုက်ရတော့ ရွှမ်လုံက ယန်ယွမ် ပေးခဲ့တဲ့တာဝန်ကို မပြီးမြောက်နိုင်တော့မှာကို စိုးရိမ်တဲ့အတွက် သူ့ကိုယ်သူအားပြုပြီး ဘုရားကျောင်းဆီကို လျှောက်သွားလိုက်တယ်။ ရှုပ်ပွနေတဲ့နေရာကို တွေ့ပြီး ထိုင်ချလိုက်တယ်။ သူဆေးကိုမျိုချလိုက်ပြီး နံရံကိုမှီရင်း မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။ အပြင်ဘက်မှာ မိုးတိတ်သွားတော့ အမှောင်ညမှာ အသက်ရှုသံကိုတောင် ကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်း ကြားနေရတယ်။

ခြေထောက်တွေက အနည်းငယ် ပူနွေးနေပြီး ဗိုက်ထဲက သန္ဓေသားလေးကလည်း ထိတ်လန့်သွားပုံရတယ်။ ဒီလိုမျိုးအခိုက်အတန့်လေးမှာ ရွှမ်လုံက နှစ်သိမ့်မှုပေးသလိုမျိုး သူ့ရဲ့ဗိုက်ပေါ်ကို လက်ကလေး ညင်သာစွာတင်လိုက်တယ်။

🐉 Catch A Dragon Become My Wife 🐉 Myanmar TranslationOnde histórias criam vida. Descubra agora