အခန်း : (29) "အရမ်းပျော်တယ်"
.................................Xiao Dezi က ဒီသခင်လေးဟန်ဟာ အရမ်းခေါင်းမာပြီး စောင့်နေမယ်လို့ မထင်ထားခဲ့ပေမယ့် မိုးလင်းတဲ့အထိ စောင့်ခဲ့တာတော့ အမှန်ပါပဲ။
ယန်ယွမ်က မနက်စောစောမှ ပြန်ရောက်လာပြီး နေကလည်း သိပ်မပူတော့ပါဘူး။ နန်းဆောင်အပြင်ဘက်မှာတော့ နိုးနိုးကြားကြားရှိနေတဲ့ မိန်းမစိုးက ယန်ယွမ်ကို အရိုအသေပြုလိုက်တယ်၊ Xiao Dezi က အသံကိုနှိမ့်ပြီး ယန်ယွမ်အား ပြောပြလိုက်တယ်။
"အရှင်မင်းကြီး ကြွလာပါပြီလား၊ သခင်လေးဟန်ကတော့ တစ်ညလုံး မအိပ်သေးပါဘူး ဘုရား"
ယန်ယွမ်က ရပ်တန့်လိုက်ပြီး Xiao Dezi ကို လှည့်ကြည့်ကာ
"သူ တစ်ညလုံး မအိပ်ရသေးဘူးလား ဘာဖြစ်လို့လဲ ? "
Xiao Dezi က သူ့လက်ဖဝါးကို ဖြန့်လိုက်ရင်း ပါးစပ်
တစ်ဝက်ကို အုပ်လိုက်တယ်။"သခင်လေးဟန်က အရှင်မင်းကြီး လာမယ်လို့ အခိုင်အမာပြောပြီး အရှင့်ကို စောင့်ဆိုင်းနေပါတယ်"
ယန်ယွမ် မနေ့က နဂါးအကြေးခွံကို ယူပြီးတဲ့နောက် သူ ရွှမ်လုံကို နောက်မှ အတူရှိပေးမယ်လို့ ပြောခဲ့ပြီး နင်ကျွီယွိကို တွေ့တဲ့အခါမှာတော့ မေ့သွားတဲ့အကြောင်းကို သတိရလိုက်သည်။ သူက မျက်မှောင်ကြုတ်ရင်း ပြောလိုက်တယ်။
"ဘာလို့ သူ့ကို ဖြောင်းဖျပြီး မပြောတာလဲ"
အဲဒါက Xiao Dezi ကို မှားယွင်းတယ်လို့ ခံစားသွားရစေပြီးဝမ်းနည်းစွာ ပြောလာတယ်။
"အရှင်မင်းကြီးက ပြန်လာချင်တဲ့အကြောင်းကို ပြောပြပြီး ကျွန်တော်မျိုး ဖျောင်းဖျပါသေးတယ်၊ ဒါပေမဲ့ သခင်လေးဟန်က နားမထောင်ပါဘူး၊ အရှင့်ကိုပဲ စောင့်နေရင်း မနေ့ညက ညစာကိုတောင် သူမသုံးဆောင်ခဲ့ပါဘူး၊ သူပြောတာက အရှင့်ကို စောင့်ရမယ် ဆိုပြီး ဆက်စောင့်နေပါတယ်"
ယန်ယွမ်က မျက်မှောင်ကြုတ်ကာ ခဏလောက်တွေးဆလိုက်ပြီး
"သူ့မှာ အဲလို အကျင့်ရှိတယ်၊ သူက အရမ်းခေါင်းမာတယ် အဲတော့ သူ့ကို ဖျောင်းဖျလို့မရတာ ပုံမှန်ပါပဲ"
ESTÁS LEYENDO
🐉 Catch A Dragon Become My Wife 🐉 Myanmar Translation
FantasíaName : 缚龙为后 " Catch A Dragon Become My Wife" Author :舒仔 ( Shuzai ) Genere : Historical, Fantasy, Ancient, Romance Chapter : Ongoing MM tran : Y_Kalay This story is doesn't belong to me. I am just fan translator. Please, support original writer at...