{အခန်း - 2} သဘောထားကွဲလွဲမှုများ

2.6K 353 4
                                    

အခန်း : (2)  "သဘောထားကွဲလွဲမှုများ"
...................................................

ကျင်းဟွာတောင်ခြေရင်းမှာ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ရှေးဟောင်း ရေကန်တစ်ခုရှိပြီး ရေကန်ထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ နဂါးတစ်ကောင်ရှိတယ် လို့ ကောလဟာလတွေ ထွက်နေပါတယ်။

ကောလဟာလတွေက မမှန်တာ မဟုတ်ပါဘူး။

ရွှမ်လုံက မွေးဖွားပြီးနောက်ပိုင်းမှာ ဦးချိုတစ်ချောင်းကျိုးနေပြီး အရုပ်ဆိုးစွာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက မွေးချင်းတွေနဲ့ မိခင်ရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရပြီး နဂါး မျိုးရိုးကနေလည်း နှင်ထုတ်ခံခဲ့ရတယ်။

အရင်ရက်က အပြင်ထွက်ခဲ့တဲ့ ရွှမ်လုံက ပြင်းထန်စွာ ဒဏ်ရာရနေတဲ့ လူသားတစ်ဦးကို ရေကန်ထဲကနေ ကောက်ယူတွေ့ရှိခဲ့တယ်။

သူခေါ်လာခဲ့တဲ့ ဒီလူသားမျိုးနွယ်ဟာ အခုလို ဆူညံနေလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပေမယ့် အိပ်ရာကနိုးလာကတည်းက မေးခွန်းတွေ တခုပြီးတခုနဲ့ သူ့ကို လိုက်နှောင့်ယှက်နေတယ်။
အရမ်း စိတ်အနှောင့်အယှက်ဖြစ်ပြီး မဖြေနိုင်တဲ့၊ မဖြေချင်တဲ့
မေးခွန်းတွေကိုလည်း အဆက်မပြက် ဆက်မေးနေတုန်းပါပဲ။

"မင်း နာမည်ဘယ်လိုခေါ်တာလဲ?"

"ဒီနှစ်ဆို အသက်ဘယ်လောက်ရှိပြီလဲ"

"မင်း ဒီရေကန်ထဲမှာ အမြဲတမ်း တစ်ယောက်တည်းပဲ နေခဲ့တာလား?"

"မင်းမှာ ဘာလို့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ မရှိတာလဲ"

ရေကန်ရဲ့အောက်ခြေက အမြဲပဲ အုံ့မှိုင်းနေတယ်။

လူအသွင်သဏ္ဍာန်နဲ့ ရွှမ်လုံက ကျောက်ဖျာပေါ်မှာ တင်ပျဉ်ခွေထိုင်ရင်း သူ့ရဲ့ လေ့ကျင့်မှုကို အနှောက်အယှက်ဖြစ်စေတဲ့ ဒီလူသားကို သည်းမခံနိုင်တော့ဘဲ အသံတိတ်သွားစေမယ့် ဂါထာတစ်ခုပြုလုပ်ဖို့ သူ့လက်ကို မြှောက်က လက်စွပ်နဲ့ ဝှေ့ယမ်းလိုက်တယ်။

သန့်စင်သွားခဲ့တယ်။

လူသားမျိုးနွယ်ကို ကယ်တင်လိုက်တုန်းက သူ့တစ်ကိုယ်လုံး ဒဏ်ရာတွေရထားပေမယ့် နိုးလာတဲ့အခါမှာတော့ သွေးစွန်းနေတဲ့ ဝတ်ရုံက အချိန်ကြာတော့ ပျောက်ကွယ်သွားခဲ့ပါပြီ။ အင်္ကျီအဖြူကို ဝတ်ဆင်ထားပြီး မက်မွန်ပွင့် မျက်လုံးတွေနဲ့ ရွှမ်လုံကို လှည့်ကြည့်ရင်း သူ့ပါးစပ်ကို အလျင်စလို လက်ညှိုးထိုးပြပေမဲ့လည်း အသံမထွက်နိုင်သေးပါဘူး။

🐉 Catch A Dragon Become My Wife 🐉 Myanmar TranslationHikayelerin yaşadığı yer. Şimdi keşfedin