{အခန်း - 39} မျက်လုံးထဲမှာ မျက်ရည်တွေ

2.6K 423 48
                                    

အခန်း (39) : မျက်လုံးထဲမှာ မျက်ရည်တွေ
...............................................

ကုတင်ပေါ်မှလူက နန်းတော်အစေခံကဲ့သို့ ချောမောလှ သော်လည်း အားနည်းပြီး ဖြူရော်ရော်ဖြစ်နေပုံရတယ်။ သူစကားပြောနေပုံကို ကြည့်လိုက်ရုံနဲ့ အားနည်းနေတာကို သိနိုင်သလို အလွန်ကို နာမကျန်းဖြစ်နေပြီး ထိုသူရဲ့ သက်တမ်းက မရှည်ကြာနိုင်တော့ဘူးဆိုတာကိုလည်း သူ သိလိုက်ရတယ်။

ယန်ယွမ်က သူ့ကို အဖိုးတန် ကျောက်စိမ်းတစ်လုံးလို ဆက်ဆံပြီး အသံကျယ်ကျယ်နဲ့တောင် မပြောဘဲ ထိုသူရဲ့လက်ဖဝါးကိုလည်း ဂရုတစိုက် ဆုပ်ကိုင်ထားသေးတယ်။

ရွှမ်လုံအတွက်တော့ ယန်ယွမ်က လုံလောက်အောင်ကို ကောင်းမွန်နေခဲ့တယ်၊ ထိုအတွေးတွေက သူ့ နှလုံးသားမှာ အရေးကြီးဆုံးအရာအဖြစ် ရှိနေခဲ့ပေမယ့် အခုအချိန်မှာတော့ ကုတင်ပေါ်မှာရှိနေတဲ့လူနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ အိပ်ရာထက်က လူက ကောင်းခြင်းတွေနဲ့ ပိုပြီး ပြည့်စုံနေခဲ့တယ်။ ပြီးတော့ အလွန်ငယ်သေးပုံလည်း ပေါ်တယ်။

ယန်ယွမ်က သူ့နဲ့ဆိုရင် သိပ်စိတ်မရှည်သလို သူ စကားနည်းနည်းမှပြောဘဲနဲ့လည်း အမြဲတမ်း ဒေါသထွက်နေတတ်တယ်။

ယန်ယွမ်က ကလေးသာသာမှ မဟုတ်ဘဲ၊ သူရဲ့ညှာတာမှုတွေ အားလုံးကို အခြားသူတွေဆီမှာ ပေးအပ်ထားတာကြောင့်သာ ပုံမှန်အတိုင်း သူနှင့် မျှဝေဖို့ နေရာမရှိတော့တာကိုလည်း သိလာရတယ်။

နည်းနည်းလောက် ဖျစ်ညှစ်ပြီး သူနဲ့အတူ ဟန်ဆောင်ပန်ဆောင် ပြုမူဖို့ကိုတောင် ဝန်လေးနေခဲ့ပြီပဲ။

နင်ကျွိယွိက နဂါးအကြေးခွံတွေကို အသုံးပြုထားတဲ့အတွက် သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ နဂါးအငွေ့အသက်တွေ ကျန်နေခဲ့တယ်။ ရွှမ်လုံက မကြာခင်အချိန်အတွင်းမှာပဲ အဲဒီ နဂါးအငွေ့အသက်တွေက သူ့အပိုင်ဖြစ်နေကြောင်းကို သိလိုက်ရတယ်။

နောက်ဆုံးအခြေအနေထိ နေမကောင်းဖြစ်နေတယ်ဆိုတဲ့ သူငယ်ချင်းက ဘယ်မှာလဲ ... ဖျားနာနေတဲ့ သူငယ်ချင်းရှိခဲ့တယ်ဆိုရင်လည်း အဲဒါက နက်နက်နဲနဲချစ်တဲ့ စုံတွဲဆိုတာ သိသာထင်ရှားပါတယ်။

🐉 Catch A Dragon Become My Wife 🐉 Myanmar TranslationDonde viven las historias. Descúbrelo ahora