1

539 21 7
                                    

"ကျတော်လက်မခံနိုင်ဘူး "

"လက်မခံလို့မရဘူးမောင်ရင် မင်းပါပါးရဲ့သေတန်းစာ နောက်ဆုံးဆန္ဒကိုလျစ်လျူရှုလို့မရဘူး"

"ယောကျာ်လေးတယောက်နဲ့အိမ်ထောင်ပြုရမယ်ဆိုတာကျတော့်အတွက်မဖြစ်နိုင်ဘူး အန်ကယ် လက်မခံဘူး "

"အမွေတွေရယ် လုပ်ငန်းအားလုံးရယ်က မင်းဒါကိုလက်ခံမှဆက်ခံခွင့်ရမယ် Sam "

"ကျစ် ပါပါးကတော့ဗျာ "

မိသားစုရှေ့နေရယ် ဆံပင်တွေထိုးဖွနေတဲ့ သခင်လေးရယ်ကိုကြည့်ပီး အိမ်ထောင်ထိန်းကြီးစိတ်ညစ်မိပါရဲ့။ သခင်ကြီးဘာတွေလုပ်သွားပါလိမ့်။ ဟုတ်ပါ့ရဲ့ ယောကျာ်လေးက ယောကျာ်တစ်ယောက်နဲ့လက်ထပ်ရမယ်လို့ ဒါမျိုး သူမလည်းနားလည်လို့မရပါ။

အတန်ကြာတိတ်ဆိတ်နေတဲ့စကားဝိုင်းမှာ ရှေ့နေကြီးရဲ့ဖြောင့်ဖြသံနဲ့ ပြန်စသည်။

"လက်ထပ်တယ်ဆိုတာ စာချုပ်စာတမ်းအရပါ အသိအမှတ်ပြုပွဲလေးတခုပါ ပီးရင် မောင်ရင်တို့အဆင်ပြေသလိုနေပေါ့ ကိုယ့်မှာညီလေးတယောက်တိုးလာတယ်လို့သဘောထားလဲ ဖြစ်နေတာကို လုပ်ငန်းနဲ့ အမွေတွေကို ကျားချောင်းချောင်းနေတဲ့ အုပ်စုကလုမသွားခင် မင်းအပိုင်ဖြစ်နေဖို့လိုတယ် Lin ZiHong ."

နာမည်ရင်းကိုပါခေါ်ပီး တလေးတနက်ဖြောင့်ဖျပါသောကြောင့် ZiHong ခဏတော့ငြိမ်သွားသည်။ ပါပါးညီနဲ့ ဆွေမျိုးများရချင်တဲ့ အမွေတွေနဲ့ လုပ်ငန်းတွေကို အလကားသက်သက်တော့သူမပေးလိုက်နိုင်။ ပါပါးခက်ခဲပင်ပန်းစွာ ရှာဖွေထားရတဲ့စည်းစိမ်ဥစ္စာတွေကိူ သူမက်မောလို့တော့မဟုတ် အချောင်မပေးလိုက်ချင်လို့ ။

"ဘယ်လိုလဲ လက်ထပ်စာချုပ်မှာလက်မှတ်ထိုးလိုက် ပီးရင် ရှယ်ယာ % 60 မင်းလက်ထဲလွဲပြောင်းပီး မင်းအပိုင် 20% နဲ့ပေါင်းရင် သူတိူ့မလှုပ်နိူင်တော့ဘူး အန်ကယ့်စကားကိုနားထောင်ပါ "

"ဟူးးး ဟုတ်ပီဗျာ ဒါနဲ့ ကျတော်လက်ထပ်ရမဲ့သူက "

"ဒီမှာပါ "

ရှေ့ကိူချပေးတော့ဓာတ်ပုံတစ်ပူံ။ သွားစွယ်သွားထပ်လေးတွေပေါ်အောင်တဲ့အထိ မျက်လုံးလေးတွေမှေးမှိတ်အောင်ရီနေတဲ့ ကောင်လေးတယောက်။ ပုံထဲကအရတော့ ပကတိရိုးသားဖြူစင်တဲ့ ကလေးငယ်လိုကောင်လေးပါပဲ။ ပါပါးကသူ့ကို ဒုက္ခပေးတဲ့နဲ့တော့ သူ့ကိုလက်ထပ်ခိုင်းမှာမဟုတ်လောက်ပါဘူး။ ကောင်းပီလေ အိမ်မှာလူတယောက်လာနေတယ်ကလွဲဘာမှမထူးလောက်ပါဘူး တစ်ခုပဲ။

အချစ်ကလေပြေလိုကျွန်တော့်နားခပ်ဖြေးဖြေး​လေးတိုးဝင်ခဲ့သည်Where stories live. Discover now