ည 12 နာရီကျော်ပီ။ ZiHong တရေးနိုးလာပေပီး ဟိုကောင်လေးကိုသတိရမိသည်။ အပေါ့အပါးသွားရရောအဆင်ပြေပါ့မလား ရတယ်ဆိုတာ သူ့ကိုရှက်လို့ အားနာလို့များလား။ အေးတော့ အနာများကိုက်နေမလား။
အိပ်ယာထဲက ထပီး တဖက်ခန်းကိုကူး အခန်းတံခါးကို ခင်ဖွဖွ ဆွဲဖွင့်လိုက်တော့ ကောင်ကလေးဟာ အိပ်ပျော်နေတာပါပဲ။ ကုတင်ခြေရင်းက ခြင်းလေးထဲမှာ ဂျက်ကီကလည်း သူ့သခင်လိုပဲ ကွေးကွေးလေး။ ZiHong တိုးတိုးရီရင်း ဂျက်ကီကိုလည်း စောင်သေးသေးလေး ပြန်အုပ်ပေးလိုက်သည်။ သူ့သခင်ရဲ့လွတ်နေတဲ့စောင်ကိုလည်း ပြန်ဆွဲခြုံပေးပီး ခဏထိုင်ကြည့်နေလိုက်မိသည်။ ပါးပြင်ချောချောလေးတွေကို ထိကိုင်ချင်မိသည်။ နှုတ်ခမ်းရဲရဲလေးကိုလည်းထိတွေ့ချင်မိသည်။ ဒီရက်ထဲ သူ့စိတ်ထဲ ပုံမှန်မဟုတ်ဘူး ဖြူစင်လွန်းတဲ့ကောင်လေးအပေါ်သူဘာတွေ တွေးနေမိပီလဲ။ မျက်တောင် ရှည်ရှည်စိတ်စိတ်လေးတွေဝန်းရံထားတဲ့ မျက်လုံးကြည်ကြည်လေးတွေထဲက ပုန်းနေတဲ့ အရိပ်လေးတွေကိုရှာဖွေချင်မိသည်။ .
စိတ်ထိန်းထားတဲ့ ကြားကပဲ နားထင်လေးကို ဖွဖွလေးနမ်းမိပီ။ အဲ့ထက်တော့မပိုရဲ။ သူ့စိတ်ကမရိုးသားနေမိပေမဲ့ ဒီကလေးထိခိုက်အောင်တော့မလုပ်ချင်။
*********************
YU ထော့နဲ့ ထော့နဲ့ ဖြစ်နေဆဲခြေထောက်နဲ့ပဲ ရေချိုးခန်းဝင်ဖို့ပြင်ဆင်သည်။ ရေမချိုးရတာသုံးလေးရက်ရှိပီမို့ လူကငြီးစီစီ ။ရေချိုးချင်ပီ။ အဝတ်တိူ့ချွတ်မယ်လုပ်မှ တံခါးသံကြောင့်မချွတ်ဖြစ်။ မနက်စာ ဗန်း ကိုင်လာတဲ့ အကို။ တော်ပါသေးရဲ့ အဝတ်မချွတ်မိသေးလို့။ ဒေါ်ကြီးထက် အကို့ကိုပိုရှက်တာကလည်း သူကမရိုးသားလို့ပါ။
"မနက်စာ "
"ဟုတ်ကဲ့ "
ထားသွားပီး ထွက်မသွားသေး ။ စာရေးစားပွဲမှာထိုင်ပီး စာအုပ်တစ်အုပ်ယူဖတ်နေပြန်သည်။
"ဟို ကျတော်ရေချိုးအုန်းမယ် "
"ချိုးလေ "
ချိုးလေဆိုပီး ထွက်မသွား။ အဝတ်ဘယ်လိုလဲရပါ့။ မတတ်သာတဲ့အဆုံး ရေချိုးခန်းထဲမှာပဲ လဲဖို့ဆူံးဖြတ်ပီး ဘီရိုဆီကအဝတ်တစ်စုံထုပ်ယူလိုက်သည်။ ပီးတော့ သဘက်တွေထားတဲ့ ခြေဖျားတစ်ထောက်စာအမြင့်ကိုလက်လှမ်းလိုက်တော့ နဂိုနာနေတဲ့ သက်သာခါစခြေထောက်က လည်ပီး
YOU ARE READING
အချစ်ကလေပြေလိုကျွန်တော့်နားခပ်ဖြေးဖြေးလေးတိုးဝင်ခဲ့သည်
Fanfictionဤဇတ်လမ်းသည်အပြင်လောက က မည်သူ့ကိုမှရည်ရွယ်သည်မဟုတ်ပါ ။စိတ်ကူးယဥ် FanFicတစ်ပုဒ်သာဖြစ်ပါသည်။