14( ဇတ်သိမ်းပိုင်း)

304 15 29
                                    

YU နဲ့ Tian သင်တန်းထဲက ပြန်ထွက်လာတော့ ရှုတည်တည်နဲ့ သင်တန်းရှေ့ရပ်စောင့်နေတဲ့ အကိုရယ်ပါ။ Tian က YU ပုခုံးကိုဖက်ရင်း စကားတပြောပြောထွက်လာရာမှ အကို့ကိုတွေ့လို​့ YU ရပ်သွားချိန်သူပါ ကြောင်တောင်တောင်လေးလိုက်ရပ်သည်။ သူ့ကိုတလှည့် အကို့ကိုတလှည့် ကြည့်နေတဲ့ Tian ။

"အကို "

"မင်းအကိုလား "

"အင်း "

YU နောက်မှသေချာပြောပြတော့မည်။ YU အကိုဆိုတာနဲ့ Tian က သွားဖြဲပီးမျက်နှာချိုသွေးတော့သည်။

"ဟီး ကျတော်က YU သူငယ်ချင်းပါ "

YU ပုခုံးပေါ်က လက်ကို ဖြုတ်ချနှုတ်ဆက်ပေမဲ့ အကိုက မရီမပြုံး Tian လက်ကိုသာလိုက်ကြည့်သည်။

"ဟို အကို ဒီနေ့ကျတော်က Tian ကို အိမ်ပြန်ပို့ပေးမလို့ပါ ကျတော့်ကိုအကိုလာကြိုတာလား "

"ဟုတ်တယ် "

တိုပြတ်ပြတ်စောင့်အောင့်အောင့်ပြန်ဖြေသည်။ ဘာလို့လဲ ။ Tian အိမ်လိုက်ပို့လိုက်ရတာဘာမှလည်းအပန်းမကြီးပဲ စထွက်လာကတည်းကဆူပုတ်နေတာ။

"တက် ပို့ပေးမယ် "

YU နဲ့ Tian နောက်ခန်းမှဝင်ထိုင်လိုက်ကြသည်။ YU ကလိပ်စာပြောပီးနောက်။

"YU မင်းအကိုကတမျိုးပဲ ငါ့ကိုလိုက်မပို့ချင်လို့များလား အားမနာနဲ့နော် ငါတက်စီနဲ့ ပြန်လိုက်မယ် "

"မဟုတ်ပါဘူး သူက အဲ့လိုပဲ နဲနဲ စိတ်မရှည်တတ်လို့ "

"အေး ငါနဲနဲတောင်လန့်လာတယ်သူငယ်ချင်း "

"ဘာမှမဖြစ်ပါဘူး "

နှစ်ယောက်သား ခေါင်းပူးရင်းတွတ်ထိုးအတင်းအုပ်နေကြချိန် ZiHong ကတော့ နောက်ကြည့်မှန်ကနေကြည့်ရင် အူတိုနေရသည်။ တပူးပူးနဲ့ ။ ဒါငါ့ယောကျာ် မင်းဖက်ထားစရာမလိုဘူးလိုမဏ္ဍပ်တိုင်တက်ပစ်ချင်သည်။ အိမ်ကကောင်လေးကလည်း အလိုက်သေးသေးလေးမှမသိ။ သူ့ဘေးလာထိုင်မယ်မရှိဘူး ။ နောက်ခန်းမှာဟိုကောင်နဲ့သွားထိုင်ပီး ခေါင်းချင်းပူးနေသေးသည်။ မနာလို အူတိုရလွန်းလို့ ညစာအတူစားရင်း ရုပ်ရှင်ကြည့်ကြည်နူးချင်တာတောင်ပျောက်ရသည်။ဒီမှာတော့အလုပ်တွေတောင်ဖျက် ပီး နှစ်ယောက်ထဲ လျောက်လည် လျောက်စားဖို့လုပ်ထားတာ။

You've reached the end of published parts.

⏰ Last updated: Dec 10, 2021 ⏰

Add this story to your Library to get notified about new parts!

အချစ်ကလေပြေလိုကျွန်တော့်နားခပ်ဖြေးဖြေး​လေးတိုးဝင်ခဲ့သည်Where stories live. Discover now