12

194 16 8
                                    

အပြန်လမ်းလေးမှာ ကောင်လေးပြန်ပါခဲ့ပီး ဂျက်ကီလေးကိုပွေ့ထားတဲ့ ကောင်လေးဟာ တလမ်းလုံး သူ့ကိုခိုးခိုးကြည့်လာခဲ့တယ်။ အိမ်ထောင်သက် 6 လ ကျော်မှာ ပထမဆုံး အတူယှဥ်တွဲသွားလာဖူးတာပါပဲ ။ ဟန်းနီးမွန်းမထွက်ဖူး ဘာအပျော်ခရီးမှအတူမသွားဖူးတဲ့ သူတို့အဖို့ဒါလေးက ပျားရည်စမ်းခရီးလေးလို။

"အဲ့လိုပဲ ခိုးကြည့်နေတော့မှာလား "

"ဗျာ ဟုတ်ကဲ့ ဟင်အင့်"

"အဟက် "

ပြူးကြောင်ကြောင်နဲ့ စကားတွေအယောင်ယောင်အမှားမှားကောင်လေးရဲ့လက်ဖဝါးလေးကိုဆွဲယူပီး ဆုတ်ကိုင်ထားလိုက်သည်။

"ကြည့်ချင်ရင် ပေါ်တင်ကြည့်လို့ရတယ် ကိုယ်မရှက်ဘူး "

အကိုမရှက်လည်းကျတော်ရှက်တယ်လေ။ ရုတ်တရက်ကြီးနွေးထွေးလာပေးလို့ ပျော်ပေမဲ့ ကြောက်လည်းကြောက် ရှက်လည်းရှက်တယ်။ အကိုလာနမ်းတိုင်း ပြန်တုံ့ပြန်နေမိတာကိုလည်းရှက်တယ်။ မနေ့ညက အကိုလာမဖက်တော့ မသိမသာလေး အကိုရင်ခွင်ထဲတိုးမိတာကိုလည်းရှက်တယ်။
ဂရုစိုက်မှုတွေကိုပျော်ဝင်မိတာလည်းရှက်နေတုန်းပဲ။

"အကို ကျတော် ဒေါ်လေးတို့အတွက်လက်ဆောင်တွေဝယ်သွားအုန်းမယ် "

"အင်းဝယ်လေ "

"အွန်း ကျတော်မရှိတုန်း ကျတော့်ငါးတွေ ဒေါ်လေးကြည့်ထားပေးမှာမို့ လက်ဆောင်ယူသွားရမယ်"

"ဒေါ်လေးကြည့်တာမဟုတ်ပဲ ကိုယ်ကြည့်တာဆိုရင်ရော ကိုယ့်ကိုဘာလက်ဆောင်ပေးမလဲ "

"ဟန် "

"တကယ် ဒေါ်လေးကိူမေးကြည့် ကိုယ်ပဲ မင်းအခန်းထဲဝင်တာနေ့တိုင်း မင်းကိုလွမ်းရင် မင်းအခန်းထဲဝင်ပီး မင်းငါးလေးတွေကို ကိုယ်ပဲအစာကျွေးထားတာ "

"အွန်း အကိုကဘာလိုချင်လို့လဲ ဘာဝယ်ပေးရမလဲ "

"ဝယ်ပေးစရာမလိုဘူး မင်းမှာရှိပီးသားပဲယူမယ် "

"ဘာကိုလဲ ဘယ်ဟာလဲ "

"အချစ် "

YU ရင်တွေဆောင့်ခုန်သွားသည်။ ပါးလေးတွေ နားရွက်ဖျားလေးတွေချက်ခြင်းရဲလာပီး ခေါင်းငုံ့ချလိုက်မိသည်။

အချစ်ကလေပြေလိုကျွန်တော့်နားခပ်ဖြေးဖြေး​လေးတိုးဝင်ခဲ့သည်Where stories live. Discover now