ညနေထပ်စကားပြောကြမယ်ဆိုပေမဲ့လက်တွေ့ Yang Yu Teng ကသူ့ကိုရှောင်သည်။ တစ်ရက် နှစ်ရက်ကနေ သုံးလေးရက် တယောက်ထဲနေချင်တယ်ဆိုတဲ့စကားကိလက်ခံပီး လွတ်ထားပေးခဲ့ပေမဲ့ အခု တပါတ်ထိကြာလာတော့မနေနိုင်တော့ဘူး။ တရက်လေးတောင်မတွေ့ရအောင်ပုန်းနေသည်။
သူတို့နှစ်ယောက်က စာရွက်တစ်ရွက်ထက်ပိုပါတ်သက်ထားပီကို။ စိတ်ထဲနေရခက်လာတာနဲ့အမျှ ဒီနေ့တော့ Yang Yu Teng ကိုရအောင်ဖမ်းမယ်။"ဒေါ်လေး Yang Yu Teng အိမ်မှာလား "
"ဟုတ်တယ်သခင်လေး "
"နေ့လည်စားဆင်းစားပီလား "
"မစားသေးဘူး အခန်းထဲပဲပို့ပေးရမယ်ထင်တယ် "
"ကျတော်လာမယ်စောင့် "
"ဟုတ်ကဲ့သခင်လေး "
ဖုန်းချပီတာနဲ့ အိမ်တန်းပြန်လာခဲ့သည်။
*************
နေ့လည်စာဗန်းလေးယူပီး အခန်းတံခါးအရင်ခေါက်လိုက်သည်။
"ဝင်ခဲ့ပါ "
အဟွန်း ဒေါ်လေးထင်လို့ ထင်ပါရဲ့ အသံက စွာစွာလေး။
အထဲဝင်သွားတော့ ငါးစာကျွေးနေသည်။"ထားခဲ့လိုက်တော့ဒေါ်လေး ခဏနေကျတော်ဆင်းထားမယ်
ဂျပန်တို့ဟူးဟင်းရည်လေး "ပြောရင်းလှည့်လာချိန်သူ့ကိုမြင်တော့ ပြောလက်စ စကားရော လုပ်လက်စအလုပ်ပါရပ်သွားသည်။.မျက်လုံးလေးတွေကပြူးဝိုင်းလို့။
"အခန်းထဲကသာမထွက်တာ စားချင်တာတော့ ချက်ခိုင်းတတ်တာပဲ "
အနားထိလျောက်သွားပီး ပုခုံးလေးနှစ်ဖက်ကိုဆွဲယူပီးနံရံမှာကပ်ပစ်လိုက်သည်။ နောက်မျက်နှာလေးကိုသေချာကြည့်ပစ်လိုက်သည်။ လွဲသွားတော့မဲ့မျက်နှာလေးကို ပြန်ဆွဲယူရင်း
"မင်း ကိုယ့်ကို ရူးအောင်လုပ်နေတာလား "
သူ့စကားကြောင့် ခေါင်းလေးပိုငုံ့သွားသည်။
"အဲ့လိုရှောင်နေလေ ပိုတွေ့ချင်လေ ရူးတော့မယ်သိရဲ့လား "
ပြောပီး မေးဖျားလေးကနေ ပင့် ချိုတဲ့နှုတ်ခမ်းလေးတွေကို ငုံနမ်းတော့ သူ့အကျီစကိုဆွဲကိုင်ထားသည်။ မှေးစင်းသွားတဲ့ မျက်ဝန်းလေးတွေကြောင့် ခါးလေးကိုပိုတင်းတင်းဖက်ပီး နမ်းရှိုက်နေမိတာ ဘယ်လောက်ကြာသွားတယ်မသိ သူ့ရင်ဘတ်ကိုတွန်းဖယ်နေမှလွတ်ပေးမိသည်။ ပါးလေးတွေရဲနေသလို နှုတ်ခမ်းလေးတွေကလည်းစိုလဲ့နေသည်။
YOU ARE READING
အချစ်ကလေပြေလိုကျွန်တော့်နားခပ်ဖြေးဖြေးလေးတိုးဝင်ခဲ့သည်
Fanfictionဤဇတ်လမ်းသည်အပြင်လောက က မည်သူ့ကိုမှရည်ရွယ်သည်မဟုတ်ပါ ။စိတ်ကူးယဥ် FanFicတစ်ပုဒ်သာဖြစ်ပါသည်။