2

216 18 11
                                    

ထမင်းစားပွဲကတိတ်တိတ်ဆိတ်ဆိတ်။ ဇွန်းသံ ပန်းကန်သံတောင်မကြားရ။ ညနေစာစားသူကလည်း စုစုပေါင်းမှသုံးယောက်ထဲ။ စားပွဲထိပ်ကို အကို့ကို YU ခိုးကြည့်လိုက်သည်။ ခေါင်းငုံပီး ထမင်းကိုသာအာရုံစိုက်စားနေသည်။ YU ရှေ့က ရှေ့နေကြီးကလည်းထိုနည်းတူစွာ ။

"သားလေးထည့်စားလေ အားမနာနဲ့ ဒီကအိမ်သားဖြစ်နေပီကို "

ဒေါ်လေးကသာ သူ့ကိုယ်လုံးကြီးတလှုပ်လှုပ်နဲ့ YU နားလာပီး ဟင်းတွေခပ်ထည့်ပေးသည်။

"ပီးပီ "

အကို့ရဲ့ သြဇာအပြည့်နဲ့အသံ။ YU ကိုယ်လေးတုန်သွားသည်။ ပီးပီတဲ့ သူရောဆက်စားရမှာလား မစားရတော့ဘူးလား ။

ကောင်မလေးတယောက်အကို့ရှေ့က ပန်းကန်တွေသိမ်းပေးချိန် ရှေ့နေကြီးကလည်း လက်စသပ်ပီမို့ YU လည်းဆက်မစားဖြစ်တော့။ ထိုအချိန် တချိန်လုံး YU ကိုတစက်မှ မကြည့်တဲ့အကိုက တချက်ကြည့်ပီး

"ဝအောင်စား ပီးမှ ဧည့်ခန်းခန်းထဲလိုက်ခဲ့"

"ကျတော် ဝ ပါပီ "

YU မျက်လွာပင့်ပီး ပြန်ဖြေလိုက်သည်။ အကိုကလည်း YU ကို သေချာစိုက်ကြည့်ပီး

"ဘာမှအရာမယွင်းသေးပဲ ဘယ်လိုဝ သွားတာလဲ ဒေါ်လေး သူအေးအေးဆေးဆေးစားပါစေ အပြင်ထွက်နေလိုက်ပါ "

ပြောပီး ရှေ့ကထွက်သွားတော့သည်။ YU ပင့်သက်ရှုလိုက်ပီး ထမင်းသာအမြန်စားရတော့သည်။ အကို့ကို အကြာကြီးမစောင့်စေချင်။

************************

"မဂ်လာပွဲကိူ ဘယ်လိုလုပ်ချင်သလဲ Yang Yu Teng "

ZiHong ထိုကောင်လေး ဆန္ဒကိုဦးစားပေးမေးလိုက်သည်။ သူ့အနေနဲ့ စာရွက်စာတန်းကလွဲ ဘာပွဲမှမလုပ်ချင်။ သို့သော် ဘာဖြစ်ချင်မလဲမသိတဲ့ တဖက်က ကောင်ကလေး ဆန္ဒက လညိးရှိသေးသည်။ သူကဧည့်သည် ကိုယ်က အိမ်ရှင်မလား။

"ကျတော် မပြောတတ်ပါဘူး အကိုတို့အဆင်ပြေသလိုပဲ "

မနေ့က ကိုကိုဆိုလား ခေါ်တဲ့ ကောင်လေးက သူမကြိုက်တာသိသွားလို့လားပဲအကို ပြောငိးခေါ်သည်။ ကောင်းတာပေါ့ သူခေါင်းတွေကြီးမသွားတော့ဘူးပေါ့။

အချစ်ကလေပြေလိုကျွန်တော့်နားခပ်ဖြေးဖြေး​လေးတိုးဝင်ခဲ့သည်Where stories live. Discover now