"အားး"
ZiHong နိုးလာတော့ ခေါင်းတွေကိုက်ခဲနေသည်။ ညကတော်တော်များသွားခဲ့တာ။ နားထင်ကိုလက်နဲ့ဖိထောက်ပီး အိပ်ယာကနေထထိုင်လိုက်သည်။ သူ့ကိုယ်ပေါ်မှာ လဲထားတဲ့အဝတ်ကိုကြည့်ပီး ညက ဘယ်သူများလဲပေးသွားတာလဲ။ ကိုယ်တိုင်တော့မဖြစ်နိုင်။ မဟုတ်မှလွဲရော
"Yu Teng လား "
မဖြစ်နိုင်ပါဘူး။ ဒီကောင်လေးက သူ့အခန်းထဲယောင်လို့တောင်မဝင်။ ဂျက်ကီကိုခေါ်တာတောင်မပေါက်ဝကလှမ်းခေါ်တဲ့အမျိုး။
ခေါင်းကိုက်နေတာမို့ lemo tea လေးသောက်ရရင်ကောင်းမယ်တွေးပီး ကိုယ်လက်သန့်စင် အဝတ်လဲပီး အောက်ဆင်းလာခဲ့သည်။
"ဒေါ်လေးYang Yu Teng ရော "
"YU စောစောကဆင်းလာပီး ပြန်တက်သွားပီ နေသိပ်မကောင်းဘူးထင်ပါရဲ့ သခင်လေးစားဖို့ဆိုပီး ကိတ်မုန့်ဖုတ်ထားပေးတယ် စားတော့မလား "
"အင်း ညက ကျတော်ဘယ်အချိန်ပြန်ရောက်သလဲဒေါ်လေး "
"ဒေါ်လေး မသိဘူး မနေ့ညက သိပ်နေလို့မကောင်းတာနဲ့စောစောအိပ်ရာဝင်တာ သခင်လေးကို YU စောင့်ပေးတါ "
"Yang Yu Teng က ကျတော့်ကိုစောင့်တယ် "
"ဟုတ်တယ် ကိတ်ဖုတ်ရင်းစောင့်မယ်ဆိုပီး သူစောင့်နေတာ သူပဲသိမယ် သခင်လေး "
"အော် အင်း "
မနက်စာ ဂျပန်cheese ကိတ် အိအိလေး စားရင်း နေမကောင်းဘူးဆိုတော့ ဝင်ကြည့်အုန်းမှပါတွေးနေမိသည်။
**********************
ZiHong ကောင်လေးရဲ့ အခန်းထဲဝင်သွားတော့ ဂျက်ကီက ခေါင်းလေးတိုးဝှေ့ပီးဆီးကြိုသည်။ဂျက်ကီတောင်သူ့ကိုရင်းနှီးနေပီ။
"မင်းသခင်ရော "
ဂျက်ကီဗိုက်ကလေးကိုပွတ်ပေးပီးမေးလိုက်ချိန် ထိုကောင်လေးရေချိုးခန်းထဲမှထွက်လာသည်။ သူ့ကိုမြင်သည်နှင့် ခေါင်းသုပ်လက်စသဘက်ကို တကိုယ်လုံးခြုံလိုက်သည်မို့ သူတဖက်အလိုက်တသိပြန်လည့်ပီးဂျက်ကီကိုသာပွတ်သပ်ပေးနေလိုက်သည်။ နေအုန်း အမြင်မှားတာလား လည်ပင်းပေါ်က အရာတချို့။ ပြန်လှည့်ကြည့်တော့ ကောင်လေးသည် ဘီရိုထဲကအဝတ်တစ်စံယူပီး ရေချိုးခန်းထဲပြန်ဝင်သွားပီ။
YOU ARE READING
အချစ်ကလေပြေလိုကျွန်တော့်နားခပ်ဖြေးဖြေးလေးတိုးဝင်ခဲ့သည်
Fanfictionဤဇတ်လမ်းသည်အပြင်လောက က မည်သူ့ကိုမှရည်ရွယ်သည်မဟုတ်ပါ ။စိတ်ကူးယဥ် FanFicတစ်ပုဒ်သာဖြစ်ပါသည်။