"ငါပြောပါတယ် ဒီကောင်မရှုနိုင်မကယ်နိုင်ဖြစ်နေတာပါလို့ "
ဘယ်ကတည်းက ပြောချင်နေမှန်း မသိတဲ့ Recird။
"ZiHong ကြက်ကြီးလည်လိမ်ထားသလိုဖြစ်မနေနဲ့ လွမ်းရင်လိုက်သွားလိုက် "
မြှောက်ပေးပါသော Evan ။
Ray ကသူ့ကိုသာထိုင်ကြည့်နေသည်။သူလည်း Ray ကိုပြန်ကြည့်နေလိုက်သည်။ ဘယ်လိုလုပ်ရမလဲဆိုတဲ့ တိုင်ပင်တဲ့အကြည့်။
"မင်းစိတ်ထဲ သူနဲ့ပါတ်သက်ပီးဘယ်လိုခံစားနေရလဲ "
"လွမ်းတယ် "
"လွမ်းယုံပဲလား "
"ငါ ငါတို့က ဟိုဒင်းကွာ အင်းအဲ့ဒါလည်းဖြစ်ပီးပီဆိုတော့ "
"နားလည်တယ် အဲ့ဒါကြောင့်မေးတာ ပြောစမ်းပါမင်းခံစားချက်တွေအကုန် "
"မခွဲချင်တော့ဘူးကွာ "
"မခွဲချင်တော့ရင် မင်းရဲ့ဟိုစာချုပ်ကြီးက "
"မလိုဘူးလေ Evan ရ သူတို့ချင်းအဆင်ပြေ ပွင့်လင်းသွားရင် အဲ့ဒါကအလိုလိုပယ်ပျက်သွားမှာ "
"မင်းတို့ကအရေးကြီးတာကျတော့မပြောကျဘူး Lin ZiHong မင်းသူ့ကိုချစ်သလား "
Richard စကားကို သူမဖြေနိုင်ပြန်ဘူး။ မဟုတ်ဘူးမဖြေချင်ဘူး။
ချစ်တယ်ဆိုတဲ့စကားကလွယ်လွယ်လေးထွက်လို့ရပေမဲ့ အဲ့ထက်မကပိုနေတာမိူ့ လွယ်လွယ်ပြောမထွက်ချင်ဘူး။ခေါင်းသာငြိမ့်ပြလိုက်သည်။
"ဒီလိုဆိုလိုက်သွားကွာ "
လိုက်သွားမယ် ဟုတ်တယ် နှစ်ပါတ်ရှိပီ။ လွမ်းနေပီ။ လွမ်းတိုင်းဝင်ကြည့်တဲ့အခန်းလေးကလည်းစကားတတ်ရင်သူ့ကိုမောင်းထုပ်လောက်ပီ။ ဖုန်းထဲက ဟုတ်ကဲ့ဆိုတဲ့ စကားသံတိုးတိူးလေးကို အပြင်မှာပြန်ကြားချင်ပီမို့ ကားသော့ကောက်ကိုင်ထရပ်လိုက်သည်။
"ဘယ်လဲ ပြန်တော့မလို့လား "
"အင်း Yu Teng ဆီလိုက်သွားမလို့ "
"အခုလား ".
ထိုစကားသည် သုံးယောက်လုံးစီမှတပြိုင်နက်။
**********************
စထွက်တဲ့အချိန်က ည(9) နာရီ ။ ပုံမှန်နှုန်းနဲ့မောင်းရင်ကို ငါးနာရီကျော်မောင်းရမှာမို့ မနက်လင်းအားကြီးမှရောက်မှာ ။ 24 hours Mark ကိုဝင် စားစရာနဲ့ Yu Teng အဒေါ်တွေအတွက် လက်ဆောင်ဝယ် ကားထဲပစ်ထဲ ပီး မောင်းလာခဲ့သည်။ အဝတ်တစ်စုံသာအပိုပါသည်။ တရက်လေးပဲတွေ့ရရင်တောင်ကျေနပ်တာမို့။
YOU ARE READING
အချစ်ကလေပြေလိုကျွန်တော့်နားခပ်ဖြေးဖြေးလေးတိုးဝင်ခဲ့သည်
Fanfictionဤဇတ်လမ်းသည်အပြင်လောက က မည်သူ့ကိုမှရည်ရွယ်သည်မဟုတ်ပါ ။စိတ်ကူးယဥ် FanFicတစ်ပုဒ်သာဖြစ်ပါသည်။