13⚠⚠⚠⚠⚠⚠

231 15 22
                                    

အိမ်ထဲကိုလက်တွဲပီးဝင်လာတဲ့ သခင်လေးနဲ့ YU ကိုကြည့်ပီး တအိမ်လုံးပြုံးရသည်။ ဒါကြောင့်ပြောပါတယ် သခင်လေးက မျက်နှာကြီးရှုတည်တည်တင်းနေလည်း YU လေးကိုချစ်ရှာပါတယ်လို့။ လိုတာမှန်သမျှ စိတ်ရင်းနဲ့ဖြည့်စည်းပေးယုံမက စိတ်ထဲလဲအမြဲရှိတဲ့သူဆိုတာ YU လေး ခြေထောက်ထိ ချော်လဲကတည်းကသိပီးသား။

"ပြန်လာကြပီလား ဒေါ်လေးက သခင်လေး အဲ့မှာရက်ကြာကြာထပ်နေမယ်ထင်ထားတာ "

"ကျတော်မအားပါဘူးဗျာ အလုပ်တွေနဲ့ ဒါတောင် ဒီအဆိုးလေးပြန်မလာမှာစိုးလို့ အလုပ်တွေဖျက်သွားတာ အခု လုပ်စရာတွေပုံနေလောက်ပီ"

YU လက်ဖမိုးလေးကို ပွတ်သပ်ရင်းဆိုတဲ့သခင်လေး။ အင်းချစ်သွားကြပီပဲ။ ကောငိးတာပေါ့။

"ညစာပြင်ပေးထါးမယ်နော် ခဏနားပီး ဆင်းလာကြပါ "

"ဟုတ်ကဲ့ ဒေါ်လေး ဒီမှာလက်ဆောင် "

တချိန်လုံးပြုံးနားထောင်နေတဲ့ YU က အိမ်သားတွေကို လက်ဆောင်ထုပ်လေးတွေကမ်းပေးသည်။ ထို့နော် သခင်လေးလက်ကိုတွဲလျက် အပေါ်တက်သွားကြသည်။ ဘယ်အချိန်မဆို ဂျက်ကီကို ပွေ့ချီသွားတတ်တဲ့ YU ဟာ အခု ဂျက်ကီတကောင် ဧည့်ခန်းထဲပြေးလွားဆော့နေသည်ကို လျစ်လျူရှုထားခဲ့လေပီ။

"ဂျက်ကီလာလာ နင့်သခင်တွေမအားဘူး ဟေ့ တယောက်လောက်ဂျက်ကီကို ခြံထဲ ဆင်းဆော့ပေးလိုက် "

ဒေါ်လေးအမိန့်ပေး၍ ပြုံးပီးညစာပြင်ရန်ထမင်းစားခန်းထဲ ဝင်လာတော့သည်။

**********************

"နားလိုက်အုန်း "

YU ကို အခန်းရှေ့သည် အကိုလိုက်ပို့သည်။

"အကိုရော "

"အင်း "

YU အခန်းထဲ ဝင်မယ် လုပ်တဲ့အထိ အကိုက အခနိးရှေ့ရပ်နေဆဲ။

"အကို နားတော့လေ ဘာပြောစရာရှိသေးလို့လဲ "

YU အမေးကို အကိုက ခေါင်းကုတ်ရင်း ဂုတ်တွေပွတ်ရင်း အီလည်လည်ရုပ်နှင့်ဖြေသညိ။

"တယောက်ထဲနားရမှာလား "

"အကိုက ဘယ်လိုနားချင်သေးလို့လား နားပါတယ်ဆို ဘယ်နှစ်ယောက်နားချင်တာလဲ"

အချစ်ကလေပြေလိုကျွန်တော့်နားခပ်ဖြေးဖြေး​လေးတိုးဝင်ခဲ့သည်Wo Geschichten leben. Entdecke jetzt