"ထည့်စား ထည့်စား YU ကိုယ့်ယောကျာ်ကိုထည့်ပေးလေ "
ပွင့်လင်းတဲ့ အဒေါ်နှစ်ယောက်ကြား YU မျက်နှာလေး နီရဲနေသည်။ ဇွတ်ရောအတင်းရော ထည့်ပေးတါကြောင့်အကို့ ပန်းကန်ထဲ ပြည့်လျံနေပီ ဆိုပေမဲ့ YU ကိုထပ်ထည့်ပေးခိုင်းနေကြပြန်သည်။
"ကိုယ့်ကိုဟင်းထည့်ပေးလေ "
ဒီကြားထဲအကိုက မေးတငေါ့ငေါ့ နင့် အသားယူနေပြန်သည်မိူ့ YU ရွဲ့ပီး ဟင်းပန်းကန်လိုက်ရှေ့ချပေးလိုက်သည်။
"အကုန်စား "
"အစားပို့နင့်ပီးသေစေချင်တာပေါ့ "
အနားကပ်ပြောတဲ့အကိုကြောင့် YU မျက်စောင်းကို ဒိုင်းကနဲပစ်ထိုးလိုက်သည်။ ဘယ်လိုကဲနေတာလဲ အခုမှ။
စားပီးသောက်ပီးလည်း ဧည့်ခန်းထဲထိုင် စကားပြောမပီးတဲ့ အဒေါ်နှစ်ယောက်နဲ့ အကို့ကိုထားပီး အပေါ်တက်လာခဲ့သည်။အဒေါ်တွေနဲ့ ဘယ်တုန်းကသိလို့ ဒီလောက်သင့်မြတ်နေရတာလား။အဒေါ်တွေကလည်း သူတို့တူထက် တခြားသူကို ပိုအရေးပေးနေလိုက်ကြတာများမနာလိုစရာတောင်ကောင်းတယ်။ တနေ့ သူတို့တူကို ခွာချသွားမဲ့သူဆိုတာသိရင်အခုလို တဟင်းးဟင်းး
ဖြစ်နေနိုင်မလား YU ကြည့်ချင်သေးသည်။ အခုတော့ရေပက်လို့တောင်မဝင်နိုင်။YU ဂျက်ကီကို အစာကျွေး ခြေလက်ဆေးပီးထွက်လာချိန် အခန်းထဲမှာအကိုက မိန့်မိန့်ကြီး။
"အကိုအခန်းအောက်မှပြင်ထားပေးတယ်လေ "
YU မျက်လုံးပြူးလေးနဲ့ဆိုသည်။
"ဒေါ်လေးတို့ကမအိပ်ခိုင်းဘူး မင်းနဲ့အိပ်တဲ့ "
"ဟန် အကိုသူတို့က ကျတော်တို့အခြေအနေကိုမသိလို့ပြောတာ အဲဒါမို့ အောက်ကအခန်းမှာပဲအိပ်လိုက်နော် "
ZiHong ကောင်လေးကို စိုက်ကြည့်နေလိုက်သည်။ အတင်းမောင်းထုပ်နေတာပေါ့ဆိုတဲ့ အကြည့်နဲ့။
"ကျတော်ကုတင်ကျဥ်းတာမို့"
"ကျဥ်းတော့နွေးတာပေါ့ ဒီမှာက အရမ်းအေးတာနော် "
ZiHong မျက်နှာပြောင်တိုက်ပီး စောင်တွေထဲ ခြေထိုးဝင်လိုက်သည်။
BẠN ĐANG ĐỌC
အချစ်ကလေပြေလိုကျွန်တော့်နားခပ်ဖြေးဖြေးလေးတိုးဝင်ခဲ့သည်
Fanfictionဤဇတ်လမ်းသည်အပြင်လောက က မည်သူ့ကိုမှရည်ရွယ်သည်မဟုတ်ပါ ။စိတ်ကူးယဥ် FanFicတစ်ပုဒ်သာဖြစ်ပါသည်။