"Yang Yu Teng ရော"
"ခဏက ဆင်းလာပီး စားပီးသွားပါပီ အိပ်ရေးမဝလို့ခဏပြန်အိပ်အုန်းမယ်တဲ့ သခင်လေး "
ZiHong ခေါင်းညိမ့်လိုက်သည်။ မနေ့ညက သူတော်တော်မူးတာကြောင့် လန်းသွားအောင် lemon Tea တခွက်အရင်သောက်ပီး မှမနက်စာ စစားသည်။ နိုင်ငံခြားမှာနေခဲ့သူမို့ အစစအရာရာ စည်းကမ်းတကျနေတတ်စားတတ်သည်။
မနေ့ညက ဟိုကောင်လေးကိုတခုခုတော့သူပြောလိုက်ပုံပဲ။ မှတ်မိတဲ့အထဲ သူတယောက်ထဲ အိပ်ယာပေါ်ပစ်လှဲလိုက်တာ။ တနေ့က ခွဲခွာကြမဲ့သူတွေမို့ သူ့ကိုလည်းမနစ်နာစေချင်သလို ကိုယ်လည်း မချစ်ပဲ အတူမနေနိုင်။ သေချာတော့ပြောပြအုန်းမှပါ။ တွေးရင်စားရင်းပဲ မနက်စာ စားပီးသွားသည်။"ကျတော်စာကြည့်ခန်းထဲမှာရှိမယ်ဒေါ်လေး Yang Yu Teng လိုတာမှန်သမျှလုပ်ပေးပါ စားချင်တာလည်းချက်ပေးလိုက်ပါ ပီးတော့ အင်း နေပါစေတော့ ကျတော့်ဆီသာလွတ်ပေး "
"ဟုတ်သခင်လေး YU လေးအောက်ဆင်းလာရင်ပြောလိုက်ပါ့မယ် "
"အင်း "
ZiHong စာဖတ်ခန်းထဲဝင်ပီး အလုပ်တွေအာရုံဖိစိုက်ထားတော့သည်။ အချိန်ဘယ်လောက်ကြာသွားသည်မသိ တံခါးခေါက်သံကြားမှာ ခါးကြောဆန့်မိတဲ့အထိ။
"ဝင်လာ"
Yang Yu Teng ။ လက်ထဲမှာ ကော်ဖီခွက်တခွက်ကိုင်လာသည်။ နောက်သူ့ရှေ့ချပေးပီး
"ကျတော့်ကိုခေါ်တယ်ဆိုလို့ "
"ထိုင် "
သူရှေ့ခပ်အေးအေးထိုင်တဲ့ ကောင်လေးကို သေချာကြည့်မိသည်။ မျက်လုံးလေးတွေရဲနေတာလား။ ဖြူဥနုနေတဲ့ အသားအရည်မို့ နှာဖျားလေးတွေပါရဲနေတာသိသာသည်။
"ဘာဖြစ်တာလဲ နေမကောင်းဘူးလား "
"အိပ်ရေးမဝလို့ပါ "
"သေချာအနားယူလိုက်ပါ မနေ့ကပင်ပန်းသွားလို့ထင်တယ်"
ထိုကောင်လေးဘာမှမဖြေ။ ခေါင်းသာငုံ့ထားသည်။ မနေ့ညက သူများတစ်ခုခုပြောလိုက်မိသလား။ ZiHong တွေးမိပေမဲ့မမေးဖြစ်တော့။
"ရော့ "
စားပွဲပေါ်က ဘူးကလေးတခု။ YU ယူပီး ဖွင့်ကြည့်တော့ ဖုန်းတစ်လုံး။
YOU ARE READING
အချစ်ကလေပြေလိုကျွန်တော့်နားခပ်ဖြေးဖြေးလေးတိုးဝင်ခဲ့သည်
Fanfictionဤဇတ်လမ်းသည်အပြင်လောက က မည်သူ့ကိုမှရည်ရွယ်သည်မဟုတ်ပါ ။စိတ်ကူးယဥ် FanFicတစ်ပုဒ်သာဖြစ်ပါသည်။