7🔞🔞🔞🔞

279 21 6
                                    

"ဒေါ်လေး Yang Yu Teng ရော "

အာလေးလျှာလေးအသံကြောင့် YU ခေါင်းထောင်သွားရသည်။ ဂျက်ကီတောင်ကုတ်သွားတဲ့အထိ ဆောင့်အော်တာမို​့ YU ပြာပြာသလဲ မုန့်ဖုတ်နေရာမှာအိမ်ရှေ့ထွက်ကြည့်ရသည်။

"အကို ကျတော်ဒီမှာ " .

"အဟွန်း မင်းလား ဟန် မင်းလား "

YU လက်ချောင်းလေးတွေကို ဆုတ်ချေပီးဘာမှပြန်မပြောရဲ။ မူးရင်ကြောက်တယ်လေ။ အတင်းတွေ နမ်းပီး ဆောင့်တွန်းပစ်တဲ့ညကိုသတိရတာမို့။ အခုတော့ အကိုက သူ့ရဲ့ယိုင်နေတဲ့ ကိုယ်ကိုထိန်းပီး YU လက်ကလေးနှစ်ဖက်ကိုဆွဲယူလိုက်သည်။

"မအိပ်သေးဘူးလား ဟန် "

"မအိပ်သေးပါဘူး "

"ကိုယ့်ကိုစောင့်နေနေတာတော့မဟုတ်ဘူးမလား "

စောင့်နေ​တာပါလို့ပြောရင် အော်ခံရမှာလား။ ဟုတ်ပါတယ်စောင့်နေခဲ့တာ။မနက် ကိတ်လေးနဲ့ ကော်ဖီခါးခါးလေးကျွေးချင်လို့ ဖုတ်ရင်း စောင့်နေမိတာ။ နောက်ကျနေပီမို့ စိတ်ပူရင်းစောင့်နေမိတာ။

"အဟင်း တကယ်ပဲ ကိုယ့်ကိုစောင့်နေတာမဟုတ်ဘူးကိုး
ဟုတ်ပီ အိပ်တော့ မင်းအိပ်တော့ ကိုယ်လည်းအိပ်ပီ "

​ပြောပီး ယိမ်းယိုင်နေတဲ့ သူ့ကိုယ်သူထိန်းပီး အပေါ်တက်ဖို့ပြင်သည်။ ဒီလိုဆိုတော့လည်း YU မနေနိုင်ဘူး။ မတော်လို့လှေကားပေါ်ကချော်ကျရင်။

"အကို ကျတော်တွဲမယ် ကျတော်ကိုတွဲထား "

အနားရောက်လာတဲ့ကောင်လေး။ မြတ်နိုးနေမိတဲ့ကောင်လေး။  တကြိမ်လောက် ယုယုယယနမ်းဖူးချင်တဲ့ကောင်လေး။ တခါလောက် ရင်ခွင်ထဲထည့်ဖက်ထားချင်တဲ့ကောင်လေး။.

"အခန်းထိလိုက်ပို့မှာလား "

"ဟုတ်ကဲ့ "

" ဟုတ်ကဲ့ ဟုတ်ကဲ့လို့ပြောတဲ့နှုတ်ခမ်းလေးကို ကိုယ်အသဲယားနေပီ မင်းသိလား "

YU ဘာမှပြန်မဖြေပဲ ကုတင်ပေါ် လှဲချပေးလိုက်သည်။ ခြေအိပ်လေးပါဆွဲချွတ်ပေးပီး စောင်ခြုံပေးဖို့အလုပ် ပြန်ထထိုင်လာတဲ့အကို။ ထိူင်နေရင်းပဲ သူ့လက်ကိုဆွဲယူလာသည်။ YU မလွန်ဆန်နိုင်ဘူး။ YU ခါးကိုဖက်ပီး YU ရင်ခွင်ထဲခေါင်းတိုးဝင်လာခဲ့သည်။

အချစ်ကလေပြေလိုကျွန်တော့်နားခပ်ဖြေးဖြေး​လေးတိုးဝင်ခဲ့သည်Onde histórias criam vida. Descubra agora