4

170 21 8
                                    

"ဒါပဲမလား "

"ဟုတ်ကဲ့ ဒါပါပဲ Boss"

အတွင်းရေးမှူးကောင်မလေး လက်ထဲ ဖိုင်တစ်ထပ် ပြန်ထည့်ပီး ပြန်ဖို့ပြင်သည်။ ထွက်သွားတော့မဲ့ ကောင်မလေးကိုကြည့်ပီးတစ်ခုသတိရမိသည်။ Miss Le က စားဖိုမှုးသင်တန်းတက်ဖူးတယ်လို့ ကြားဖူးသလားလို့

"နေအုန်း ကျတော်မေးစရာရှိလို့ "

"ဟုတ်Boss "

"ဟို ဟင်းချက်သင်တန်းဘယ်မှာများကောင်းသလဲ "

"ရှင် အရှေ့တိုင်းစာလား ဟော်တယ်စာလား Boss "

"အင်းးးး နှစ်ခုလုံး "

"ကျမသိတဲ့ သင်တန်းတော့ရှိတယ် Boss ကို လိပ်စာရော အချက်အလက်ပါ ပို့ပေးပါ့မယ် "

"ဟုတ်ပီ ဟုတ်ပီ အိမ်ကကောင်လေးတက်ဖို့ပါ "

Miss Le က ကျိတ်ရီသည်ကို ZiHong တွေ့ဖြစ်အောင်တွေ့လိုက်ရသေးသည်။ သူကလည်းစကားအပိုပြောမိတာကို။ သူတက်မှာလားထင်မှာစိုးလို့ ပြောလိုက်မိတာက ရီစရာဖြစ်သွားတာလား။

"ဟုတ် Boss"

ပါးစပ်ကိုအတင်းစိ ခပ်သွက်သွက်ထွက်သွားတဲ့ အတွင်းရေးမှုကြောင့် ZiHong နဲနဲတော့ရှက်သွားမိသည်။ ဘယ်လိုတွေဖြစ်နေကြတာလဲ ။ သူနဲ့ ကောင်လေးပါတ်သက်မှုက အိမ်ထောင်ဖက်တွေဆိုတာနဲ့ ဘာလေးလုပ်ပေးပေး တမျိုးတမည်ထင်ကြတာပဲ။ မနေ့ကလည်းဒေါ်လေး ။ သူအိမ်ရောက်တော့ Yang Yu Teng ဘယ်မှာလဲမေးမိတာကို ပြုံးစိစိလုပ်နေသည်။ ပီးတော့ သားလေးစားပီးသွားပီ အပေါ်မှာ ထမင်းကောင်းကောင်းစားတယ် နေလည်းကောင်းတယ်တဲ့
မေးမိတာ တစ်ခွန်းပြန်ဖြေကြတာတပုံတပင်။

******************

"ဒေါ်လေး Yang Yu Teng ဘယ်မှာလဲ "

ZiHong အိမ်ထဲဝင်တာနဲ့ မြင်တဲ့ဒေါ်လေးကို မေးနေကြပါးစပ်က မေးဖြစ်အောင်မေးမိသွားပြန်သည်။ထိုချိန် ဆိုဖာတွေနောက်မှ ခေါင်းလေးပြူထွက်ပီး သူ့ကို မော့ကြည့်တဲ့ Yang Yu Teng ။ မျက်လုံးဝိုင်းကြည်ကြည်လေးတွေ ။ သူ့လိုပဲ နောက်ထပ်မျက်ဝန်းဝိုင်းဝိုင်းလေးတွေက သူ့လက်ထဲက ခွေးလေး။ ZiHong မျက်ခုံးတွေပင့်ရပြန်သည်။

အချစ်ကလေပြေလိုကျွန်တော့်နားခပ်ဖြေးဖြေး​လေးတိုးဝင်ခဲ့သည်Onde histórias criam vida. Descubra agora