"Yang Yu Teng ရောက်နေပီလား "
သင်တန်းမှာခင်ရတဲ့ တစ်ဦးတည်းသောသူငယ်ချင်း Tian ။
သင်တန်းမှာမှ မဟုတ်ဘူး ဒီရောက်ကတည်းက ပထမဆုံးရတဲ့ သူငယ်ချင်းလည်း ဒီတယောက်သာ။ သူ့ထက်အသက်ကြီးပေမဲ့ နှစ်လိုဖွယ် ခင်မင်စရာသူငယ်ချင်း။ YU ပြုံးပြပီး"ရောက်နေပီ မင်းအတွက်ပါ ငါအသီးအနှံတွေယူလာပေးတယ် ဒီနေ့ Menu က တုန်ယမ်းဟော့ပေါ့လေ "
"ကျေးဇူးပါကွာ ဒါနဲ့ သင်တန်းပီး မင်းဘယ်သွားစရာရှိလဲ "
ကားအနက်ကြီးနဲ့ လာပို့ လာကြိုတဲ့ ချမ်းသာပုံရတဲ့သူငယ်ချင်းကို Tian မေးလိုက်သည်။
"ဘယ်မှသွားစရာမရှိပါဘူး အိမ်ပြန်ယုံပဲ ".
"ဟုတ်လား ငါနဲ့ စာကြည့်တိုက်လိုက်မလား ငါတို့ဖြေရမဲ့ စာတွေ့တွေအတွက် စာသွားဖတ်ရအောင် "
"အင်းခဏ အကို့ကိုမေးကြည့်မယ် အကိုခွင့်ပြုရင်လိုက်မယ် "
"အကို မင်းအကိုလား "
YU ခပ်လေးလေးသာ အင်းလိုက်လိုက်သည်။ ဖြေနေလို့ဘာထူးမှာလဲ။ တနေ့ကျရင်လည်း ဘာမှသက်ဆိုင်မှာမှမဟုတ်တာ။
"မေးကြည့်လေကွာ လိုက်ရရင်လိုက်ခဲ့ပါလား ငါတို့လမ်းဘေးမုန့်တွေလည်းဝယ်စားကြမယ် တနေ့ကမင်းကိုပြောဖူးတဲ့ဆိုင်လေ အဲ့မှာ တော့ပုကီကောင်းတယ် "
အိမ်ပိုင်ပုံမရတဲ့သူငယ်ချင်းကို Tian ထပ်စည်းရုံးလိုက်သေးသည်။
"ခဏ "
YU ဖုန်းကိုဖွင့်ပီး ဒီဖုန်းစပေးကတည်း ပါလာတဲ့ Contant ကိူ မရဲတရဲထိမိသည်။ စိတ်များဆိုးလေမလား ။ ခွင့်မပြုရင်တော့လည်းမလိုက်တော့ပါဘူး။
**********************
ဖုန်း အဝင် Call က ဟိုကောင်လေးဆီက ။ နှစ်လကျော်အတွင်း တခါမှ မခေါ်လာဖူးတဲ့ No ။ ZiHong အမြန်ကိုင်လိုက်တော့ တဖက်က ဘာမှမပြော
"Yu Teng ပြောလေ "
"ဟို ကျတော် "
"အင်းပြော "
"ကျတော် သူငယ်ချင်းနဲ့ အပြင်လိုက်သွားချင်လို့ "
သူငယ်ချင်း။ သူငယ်ချင်းတဲ့။ သူငယ်ချင်းတောင်ရသွားပီလား။ ကောင်းတော့ကောင်းတာပါပဲ။ အဖော်ရတော့ မပျငိးတော့ဘူးပေါ့။ ဒါနဲ့ သူငယ်ချင်းက ယောကျာ်လေးလား မိန်းကလေးလား။ ယောကျာ်လေးဆိုရင်ရော ဘယ်လိုလူမျိုးလဲ။ မိန်းကလေးဆိူရင်ရော။ သူ့အတွေးတွေက အဆုံးထိ။ အင်းလေ သူ့ဘဝသူရှာရမှာပေါ့။ ရိုးရိုးသူငယ်ချင်းမကလို့ ဆန်းဆန်းဆိူရင်တောင် နောက် ကိုးလကျော်ဆို သူဘာမှပြောခွင့်မရှိတော့။
YOU ARE READING
အချစ်ကလေပြေလိုကျွန်တော့်နားခပ်ဖြေးဖြေးလေးတိုးဝင်ခဲ့သည်
Fanfictionဤဇတ်လမ်းသည်အပြင်လောက က မည်သူ့ကိုမှရည်ရွယ်သည်မဟုတ်ပါ ။စိတ်ကူးယဥ် FanFicတစ်ပုဒ်သာဖြစ်ပါသည်။