စိုးရိမ်လို့မင်းကို

959 64 2
                                    

အခန်း(၇၂)

တစ်နေကုန်သူနဲ့မျက်နှာချင်း မဆိုင်မိအောင်ရှောင်နိုင်ပေမယ့် ညစာစားဖို့မာမီက လာခေါ် သောအခါ ဘယ်လိုမှငြင်းဆန်လို့မရ။
ထို့ကြောင့်ထမင်းစားပွဲဆီသို့ ယက်ကန် ယက်ကန်နှင့်သာပါလာခဲ့သည်။ထမင်းစားပွဲဆီသို့ရောက်လျှင် လူကြီးတွေအားလုံးကနေရာယူထားပြီးဖြစ်ရာ လွတ်နေသည့်သူ့ဘေးတွင်သာ စိတ်ညစ်ညစ်နှင့်ထိုင်လိုက်ရသည်။

အဘိုးက ထမင်းစားပွဲရှည်၏ ထိပ်ဦးပိုင်းနေရာ၌ ထိုင်နေခြင်းဖြစ်သည်။စားပွဲ၏ညာဘက်အခြမ်းမှာတော့ မိဘနှစ်ဦးနှင့်ဦးလေးများက ထိုင်လျက်ရှိပြီး ဘယ်ဘက်အခြမ်းမှာတော့ Dark နှင့် Black နှစ်ယောက်ထဲသာရှိသည်။
Dark ကတော့ အဘိုးနှင့်အနီးကပ်ဆုံး ထိပ်ဆုံးခုံ၌ထိုင်နေခြင်းဖြစ်သည်။

" ကဲ ကဲ အားလုံးလူစုံပြီဆိုတော့ စားလိုက်ကြရအောင် "

Black က စားခွင့်ရပြီဆိုတာနှင့် Dark ၏ရှေ့တွင်ရှိနေသော ကြက်ပေါင်ကင်ပန်းကန်ထဲမှ ပေါင်သားတစ်တုံးကိုခပ်ယူလိုက်သည်။
ခပ်ပြီးတာနှင့်ဘယ်သူ့ကိုမှမကြည့်ဘဲ ကိုယ့်ပန်းကန်ထဲသို့သာ ထိုဟင်းတုံးကိုထည့်ထားလိုက်လျှင်...

" ဟော... "

အဘိုးဆီကထွက်လာသည့် အသံကြောင့် Black ကကိုင်ထားသည့် ဓားပါးလေးနှင့်ခက်ရင်းကို ခေတ္တပြန်ချထားလိုက်ပြီး...

" သားကိုပြောတာလား "

Dark ကမျက်ခုံးကိုလက်မနှင့် အသာခြစ်ကာ ဘေးနားတွင်ထိုင်နေသူကို ပြုံးစစနှင့်ငဲ့ကြည့်သည်။
အဘိုးဖြစ်သူကိုပြန်မေးလိုက်သည့်ပုံစံက တစ်ကယ်ချစ်ဖို့ကောင်းနေတာကိုတော့မသိ။
စိမ်းနုသည့်မျက်ခုံးတန်းလေးကို တွန့်ကွေးအောင်ကုတ်ထားရင်း သူ့ရင်ဘတ်ကိုသူ့ဘာသာပင်ခက်ရင်းကိုင်ထားသည့်လက်နှင့် လက်ပြန်ညွှန်နေလျက်။

" ဦးမချဘူလား...မစားခင် "

" အရင်တွေလည်း...သားဘာသာဒီလိုစားနေကျလေ "

" အို...သား "

ကြားလိုက်ရသည့်စကားအရ ဘယ်လောက်ထိအောင် Black ကိုအလိုလိုက်ထားမှန်း အရမ်းသိသာသည်။
လူကြီးသူမကို အရင်ဦးချပြီးမှ စားသောက်ရမယ်ဆိုတာကို လူကြီးသူမတွေကမသင်ပေးဘဲထားမှာမဟုတ်။
မနိုင်လို့သာ ဒီအတိုင်းလွတ်ထားရသည့်ပုံစံ။
ဒီထက်ပိုသေချာသော စကားကိုဆိုရမယ်ဆိုပါလျှင် အရမ်းကိုချစ်လွန်း၍ ဘာလုပ်လုပ်အပြစ်မမြင်ကြတာပဲ နေလိမ့်မည်။

Dark's Black _ Season(2) *{Completed}*Where stories live. Discover now