အခန်း(၉၈)
" အိမ်တံခါးကဖွင့်ထားတာပဲ "
ဖွင့်လျက်သားဖြစ်နေသည့် တံခါးများကြောင့် Black မှာဘဲလ်ပင်တီးစရာမလိုဘဲ ခန့် ၏ခြံထဲသို့ဝင်ခွင့်ရခဲ့သလို ယခုလည်းအိမ်ထဲသို့ပင်ရောက်နေပြီဖြစ်သည်။
အလုပ်ကနေတိုက်ရိုက်လာခဲ့ရသည်မို့ Black ၏လက်နှစ်ဖက်စလုံးမှာလုံးဝမအား။
လက်တစ်ဖက်က ထမင်းခြင်းတောင်းကိုဆွဲထားရပြီးကျန်လက်တစ်ဖက်က ခန့် အတွက်လက်ဆောင်ပန်းစည်းကိုကိုင်ထားရသည်။အခြားပစ္စည်းတွေလက်ဆောင်ပေးဖို့က ခန့် ဘာကြိုက်တတ်တယ်ဆိုတာကိုမသိ၍တစ်ခါမှမဝယ်ပေးဖြစ်ခဲ့။မွေးနေ့ရောက်တိုင်းတော့ Black ကအမြဲ ပေါ်တင်မေးဖြစ်ခဲ့ပါသည်။
ခန့် ဘာလိုချင်လဲဆိုပြီး...
မေးတိုင်းလည်း ခန့် ကBlack သဘောကျတဲ့အရာက ခန့် ကြိုက်တဲ့အရာပဲလို့သာအမြဲပြန်ပြောခဲ့သည်။ထို့ကြောင့် Black မှာပန်းစည်းကိုသာ လက်ဆောင်ပေးဖို့ရွေးချယ်ဆုံးဖြတ်ခဲ့သည်။
ထို့သို့ ပန်းစည်းအားလက်ဆောင်အဖြစ်ပေးဖြစ်ခဲ့ခြင်းဟာ ကိုယ်မြတ်နိုးသဘောကျသည့်အရာမို့ပေးဖြစ်ခဲ့တာမဟုတ်။
ဘာပေးလို့ပေးရမယ်ဆိုတာကို စဥ်းစားမရသောကြောင့်သာ ပန်းစည်းအားရွေးချယ်ဖြစ်ခဲ့ခြင်းဖြစ်သည်။ဘဝတွင် Black အမှန်တစ်ကယ်သဘောကျသည့်အသုံးအဆောင်ပစ္စည်းက လက်စွပ်သာဖြစ်သည်။
သို့သော် တစ်ခါက ခန့် ပါးစပ်ကနေ " Black ရဲ့လက်ချောင်းလှလှလေးတွေပေါ် မှာရှိနေလို့သာ ဒီလက်စွပ်လေးတွေကိုသဘောကျတာ ခန့် ကိုယ်တိုင်သာဆိုရတနာဆိုင်ရောက်လည်း တစ်ခါမှလှည့်ကြည့်ဖြစ်ခဲ့မှာမဟုတ်ဘူး...ခန့် ကရတနာတွေကိုမနှစ်သက်ဘူးလေ "ဆိုသည့်စကားအားပြောခဲ့ဖူးသည်မို့ ထိုပစ္စည်းများနှင့်ပတ်သက်ပြီးတစ်ခါမှမဝယ်ပေးဖြစ်ခဲ့။Black ကဧည့်ခန်းထဲသို့ရောက်လျှင် ထမင်းခြင်းတောင်းနှင့် ပန်းစည်းအားစားပွဲပေါ်သို့ တင်ထားလိုက်သည်။
ပြီးသည်နှင့်အပေါ်ထပ်လှေကားဆီသို့လှမ်းကြည့်လိုက်သည်။
အပေါ်ထပ်တွင်အရမ်းတိတ်ဆိတ်နေပုံအရ လူကြီးတွေမရှိလောက်ဘူးထင်သည်။
တစ်ဆက်တည်းမှာပင်ခန့် နဲ့ ငါ နှစ်ယောက်ထဲတော့မဟုတ်လောက်ပါဘူးနော်ဆိုသည့်အတွေးက Black ခေါင်းထဲသို့ဝင်ရောက်လာခဲ့သည်။
ဒီလိုသာဆိုရင်တော့...ဟူး...
YOU ARE READING
Dark's Black _ Season(2) *{Completed}*
Romans" Dark's Black " Season-(2) Start (02.8.2021) ✍ [Darkness's own creation]💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚