ကိုယ်ထပ်မပြောတော့ဘူး

1K 63 1
                                    

အခန်း(၈၉)

ချောင်းတွေ တဟွတ် ဟွတ် ဆိုးပြီးလျှင် Black က ကိုယ့်အောက်ဘက်နှုတ်ခမ်းလွှာကိုဖိတွန်းဖို့ကြိုးစားလာသည့် သူ့လက်မကို အရင်ဆုံးဖယ်ချသည်။
ပြီးမှ သူ့ညာဘက်လက်တစ်ခုလုံးကို လက်ကောက်ဝတ်နားမှစ ဆွဲကိုင်ထားလိုက်ပြီး...

" သိနေခဲ့တယ်ဆိုလည်း အစကတည်းပြောပေါ့...တမင် ငါ့ကိုပင်ပန်းအောင်လုပ်တယ် "

" ချစ်စရာကောင်းလို့လေ မင်းလုပ်နေတာလေးက "

" လှောင်နေတာလား "

ဆုပ်ကိုင်ထားသည့် သူ့လက်ကောက်ဝတ်ကို Black ကအငြိုးနှင့်အသားကုန်ဖိညှစ်ပြီးပြောသည်။
Dark ကတော့တစ်ချက်လေးပင်တွန့်သွားတာမျိုးမရှိ။

" အဟွန်း...! "

အရမ်းပြုံးနေတာမျိုးမဟုတ်ပေမယ့် ခပ်ထေ့ထေ့ရှိနေသော Dark ၏နှုတ်ခမ်းလွှာများကြောင့် Black ကမျက်ခုံးနှစ်ဖက်ကိုပင့်တင်ပြလိုက်ပြီး...

" တမင်ကြည့်ချင်လို့မှတ်လား "

" ဟင်...ဘာကိုလဲ "

ကိုယ်ပြောလိုက်တာကို Dark ကတစ်ကယ်သဘောမပေါက်ပုံပေါ်သည်။အတည်ပေါက်ကြီးပြန်မေးနေသောကြောင့် Black က သူ့လက်ကောက်ဝတ်ကို နှစ်ချက်မျှဆွဲခါပစ်လိုက်ပြီး...

" သေလောက်အောင်လန့်ဖျပ်နေတဲ့ငါ့ပုံစံကိုလေ အခုလိုမျိုးပေါ့ "

" ကိုယ်ကလား "

Dark ကမျက်ခုံးကိုပြန်ပင့်တင်ပြလိုက်ပြီး ကျိုးကြေမတတ်ဖြစ်အောင် ဆုပ်ကိုင်ခံထားရသည့် ညာဘက်လက်ကို မျက်နှာနားသို့ရောက်အောင်တဖြည်းဖြည်းချင်းဆွဲယူသည်။

Dark ၏ညာဘက်လက်ကောက်ဝတ်ကို အတင်းအကျပ် ဆုပ်ကိုင်ထားသူက Black ကိုယ်တိုင်ဖြစ်သည်။သို့သော် တစ်ကယ်တမ်း Dark ကိုယ်တိုင်က သူ့လက်ကိုပြန်ဆွဲယူလိုက်သည့်အခါBlack တစ်ယောက်သူ့လက်အားကိုဘယ်လိုမှမယှဥ်လိုက်နိုင်။
အချိန်မနှောင်းသေးခင်သူ့လက်ကို ပြန်လွှတ်လိုက်ဖို့သင့်ပေမယ့် Black ကထိုသို့မလုပ်။

မယှဥ်နိုင်မှန်းသိနေသော်လည်း ယောကျာ်းချင်းမို့ အရှုံးပေးလိုက်ဖို့ကို စိတ်ကဘယ်လိုမှလက်မခံ။

Dark's Black _ Season(2) *{Completed}*Where stories live. Discover now