ငါ့ယောကျာ်း

1.1K 57 1
                                    

အခန်း(၈၅)

သူ့ကိုယ်သင်းနံ့ကိုရလိုက်ပြီဆိုကတည်းက လှည့်ကြည့်ဖို့ကို Black ကစဥ်းစားထားပြီးဖြစ်သည်။
သို့သော်လှည့်လိုက်ဖို့ကို တွေးနေရုံရှိသေး
နွေးကနဲဖြစ်သွားသည့်နောက်ကျောဘက်အခြမ်းကြောင့် သူ့ရင်ခွင်ထဲသို့ရောက်သွားပြီဆိုတာကို သိလိုက်ရသည်။

ခေါင်းကိုလှည့်ဖို့မကြိုးစားတော့သည်က ဆံနွယ်များကြားထဲ အတင်းတိုးဝင်နမ်းရှိုက်လာသည့် Dark ၏လုပ်ရပ်ကြောင့်။နမ်းနေတာမှ ရူးရူးမူးမူးနဲ့ကိုအသံများပင်ထွက်ကျလာသည်အထိနမ်းနေခြင်းဖြစ်သည်။

တင်းခနဲနေအောင်အဖက်ခံလိုက်ရသည့်အပြင် ဆံသားတွေကြား မွတ်သိပ်နေအောင်ကြဲချလာသည့် အနမ်းမိုးများကြောင့်Black ၏နှုတ်ခမ်းလွှာများမှာ ချက်ချင်းစွန်းနေအောင်ပြုံးတက်သွားသည်။
ဒီလိုနမ်းရတာကို Dark ကအရမ်းသဘောကျတယ်ဆိုတာသိထားပြီးဖြစ်သည့်အတွက် Black က ငြိမ်ငြိမ်လေးသာနေပေးလိုက်သည်။
အကြာကြီးခွဲနေခဲ့ရသည်မို့ ကိုယ်တိုင်ကလည်းသူ့အနမ်းတွေကို လိုအပ်နေခဲ့တာဖြစ်သည်။

သူ့အနမ်းတွေကြောင့် အမြဲနွေးလာရသည့်နှလုံးသားတစ်စုံကိုလည်း Black ကမြတ်နိုးတတ်နေပြီဖြစ်သည်။အင်မတန်မှ ကြည်နူးစရာကောင်းသည့် အခိုက်အတန့်လေးမို့ Black မှာမျက်ဝန်းများကိုမှိတ်ချလိုက်ပြီးလျှင် သူ့လက်ခုံသားများကိုထပ်လျက်သားကိုင်ထားလိုက်သည်။

ကြီးမားလွန်းသည့် သူ့လက်ဖဝါးများကို အဆုံးစွန်ထိဖုံးအုပ်သွားအောင် မကိုင်နိုင်သောကြောင့်သွေးသွယ်သည့်လက်ချောင်းများနှင့်သာ လက်ခုံသားများကိုညင်ညာစွာဖိပွတ်နေခဲ့လျက်။

ထူးခြားစွာပင် နွေးနေသည့်သူ့ရင်ခွင်ကျယ်အား မှီခိုထားရသည့်အချိန် ပူပန်နေခဲ့သည့် အခြားသောကိစ္စများမှာ အကုန်မေ့ပျောက်သွားခဲ့သည်။
အချိန်တစ်ခုကြာသည်အထိအောင် နမ်းနေခဲ့ပြီးတာတောင်မှ Dark ကဆံနွယ်များကြားထဲကနေ မျက်နှာကိုပြန်ဖော်လာခြင်းမရှိသေး။
မျက်လွှာများကိုမှိတ်ချထားပြီးမွှေးပျံ့သည့် ဆံနွယ်နက်များကိုသာ မြတ်နိုးစွာရှိုက်နမ်းနေဆဲဖြစ်သည်။

Dark's Black _ Season(2) *{Completed}*Where stories live. Discover now