အခန်း(၈၄)
သူများပစ္စည်းကို သွားခိုးနေတာလည်းမဟုတ်ပါဘဲ သူခိုးတစ်ယောက်လိုမျိုး ခိုးကြောင်ခိုးဝှက်နေထိုင်နေရတာ ဘယ်ဘဝကအကုသိုလ်ကြောင့်ပါလိမ့်။
ဝတ်ထားသည့်ရှပ်အပြာနုပေါ်မှာလည်း ဇောချွေးတွေကြောင့်ဖြစ်မည်။
ဟိုနားကတစ်ကွက် ဒီနားကတစ်ကွက်နှင့် အတော်လေးကြည့်ရမကောင်းအောင် စိုရွှဲနေခဲ့ပြီဖြစ်သည်။
သူ့အတွင်းရေးမှူးလာချပေးသွားသည့် ရေအေးအေးတစ်ခွက်ကိုလည်းရင်ပူပူနဲ့ သောက်ချလိုက်တာ တစ်ခွက်လုံးကပြောင်သွားပြီဖြစ်သည်။သူဌေးရဲ့အခန်းလို့ပြောစရာမလိုအောင်ကို ခမ်းနားထည်ဝါမှုအပြည့်ရှိသည့် အကောင်းစားအခန်းကြီးထဲမှာ ချွေးတစိုစိုဖြစ်နေသည့်လူက Black ဆိုသည့် ကိုယ်တစ်ယောက်ထဲသာ ရှိလောက်မည်။
အဲကွန်းက အေးလားမအေးလား။
ရေမရှိတော့သည့် ဖန်ခွက်ဘေးနှုတ်ခမ်းမှာတောင် ရေခဲရေသီးလေးများက ဖြစ်တည်နေခဲ့လျက်။စိတ်လှုပ်ရှားလျှင်လုပ်တတ်သည့်အကျင့်အတိုင်း
ဆံပင်တွေကိုဆွဲဖွပစ်ချင်ပေမယ့် ဦးထုပ်ကိုငိုက်စောင်းထားရ၍ ဆံပင်များဆီသို့လက်ကမရောက်။
အဲဒီအစားလည်ပင်းတွေဆီသို့သာနေရာပြောင်းပြီးပွတ်သပ်နေမိသည်။အစကအခြားလူနဲ့ပဲတွေ့ရမှာမို့ နေကာမျက်မှန်ကိုမတပ်တော့ဘူးလို့ဆုံးဖြတ်လိုက်ပြီး ကားထဲမှာပဲချွတ်ထားခဲ့မိသည်။
Dark နဲ့တွေ့ရမယ်လို့ဆိုမှ မျက်လုံးချင်းဆုံရင် ဘယ်လိုမှလိမ်လို့ရမှာမဟုတ်ဘူးဆိုတာကို သိလိုက်ပြီး ကားထဲသို့အပြေးပြန်သွားကာ မျက်မှန်ကိုယူတပ်လိုက်ရသည်။
အတော်ကြာသည်အထိ ဘယ်သူမှမရောက်လာခဲ့လျင် လက်နှစ်ဖက်စလုံးကို ဂျင်းဘောင်းဘီအိတ်ထဲသို့ထိုးထည့်လိုက်မိပြန်သည်။
မဟုတ်လျှင်ဆွဲပွတ်ရလွန်းလို့ လည်ပင်းသားတွေလည်း တစ်စစီ ပွန်းပဲ့ထွက်သွားနိုင်သည်။
သို့သော်ထိုပုံစံအတိုင်းကိုလည်း အကြာကြီးမနေလိုက်နိုင်။
လက်တစ်ဖက်ကိုပြန်ဆွဲထုတ်လိုက်ပြီး မတ်တပ်ထရပ်ကာဦးထုပ်၏ လျှာကိုအနည်းငယ်ငိုက်ချလိုက်မိသည်။
YOU ARE READING
Dark's Black _ Season(2) *{Completed}*
عاطفية" Dark's Black " Season-(2) Start (02.8.2021) ✍ [Darkness's own creation]💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚