ကိုယ်ရေဆာလို့

970 67 10
                                    

အခန်း(၇၆)

" တော်သေးတာပေါ့ဟယ်...တစ်လမပြည့်ခင်မှာ တော်တော်လေးပြန်ကောင်းသွားလို့ "

ခန့် ကဆေးရုံတွင်သုံးပတ်လောက်နေလိုက်ရပြီးယခုအခါအိမ်သို့ပင်ပြန်ရောက်နေပြီဖြစ်သည်။

" ဘာလဲ...ငါမကောင်းရင်နင်ဆရာဝန်မယားဖြစ်တော့မှာ မို့လို့မလား "

ယွန်း ကပတ်တီးဖြည်ထားသည့် ခန့် ခြေထောက်ကိုဂရုတစိုက်ငုံ့ကြည့်နေရင်းက ပုခုံးကိုဖတ်ခနဲနေအောင်လှမ်းရိုက်သည်။
ဆေးရုံတက်နေသည့်ကာလတစ်လျှောက်လုံး ယွန်းကသာ သွက်လက်ချက်ချာစွာနှင့် လိုအပ်သမျှတွေအကုန်လုံးကို လိုက်လံဖြည့်ဆည်းပေးခဲ့ခြင်းဖြစ်သည်။
သို့သော်ပွစိပွစိနှင့် နာ့စ်တွေဆရာဝန်တွေကို ဆရာကြီးပြန်လုပ်တတ်သည့် ယွန်း ကြောင့်ဘယ်အချိန်ဆေးရုံကနေ အကန်ချခံရမလဲလို့စိုးရိမ်ခဲ့တာလည်းအချိန်တိုင်းဖြစ်သည်။

" မသာကောင်...ခန့် နင်လေငါ့ကိုဆိုအကောင်းမပြောဘူး...ကျေးဇူးမတင်ဖင်လန်ပြဆိုတာနင်လိုအကောင်စား "

" ကဲ...တော်သင့်ပြီ စကားတွေမများကြနဲ့တော့ "

ဧည့်ခန်းထဲသို့ စားစရာပစ္စည်းပစ္စယပေါင်းစုံပါသည့် ခြင်းကိုလက်အပြည့်သယ်လာသည့် Black အားသုံးယောက်သား လှည့်ကြည့်လိုက်ကြသည်။Black ကခြင်းတွေကို ဆက်တီခုံပေါ်သို့တင်ထားလိုက်ပြီး ခန့် ဘေးသို့လျှောက်သွားလိုက်သည်။
ခန့် ကတော့ Black ၏မျက်နှာလေးကို တောက်လျှောက်လိုက်ငေးရင်း အနားတွင်ဝင်ထိုင်ဖို့မေးဆတ်ပြသည်။
ခန့်မပြောလည်း နေရာလွတ်နေသည်မို့ Black ကထိုင်ဖို့စဥ်းစားထားပြီးဖြစ်သည်။

" Wow! တို့မင်းသားရောက်လာပြီပဲ...ဘယ်နှယ့်ပျောက်လှချည်လား "

ယွန်း အပြောကြောင့် Black ကဆံပင်ကိုအနောက်ဘက်သို့ မသိမသာလှန်တင်လိုက်ရင်း ခန့် ကိုအားနာသည့်စိတ်နှင့်ပြုံးသည်။
အမှန်က ယွန်း တို့မှမရှိရင် နှစ်ယောက်ထဲစကားပြောရတာ အရင်လိုမဟုတ်၍ မလာဖြစ်ခဲ့ခြင်းဖြစ်သည်။
သို့သော်တိခနဲဖြတ်တောက်လိုက်ဖို့ကျ ခင်လာခဲ့သည့် သံယောဇဥ်များကို ထောက်ထားပြီးမလုပ်ရက်နိုင်။

Dark's Black _ Season(2) *{Completed}*Where stories live. Discover now