အခန်း(၉၆)
Part-(2)
ကိုယ်ကမြင်ပါတယ်လို့ပြောလိုက်သည်နှင့် ဝင်းခနဲဖြစ်သွားသည့် မဇူးမျက်နှာမှာကျေနပ်ပျော်ရွှင်မှုတွေအပြည့်။မဇူးကတော့ အရမ်း အရမ်းကိုကျေနပ်ပီတိတွေ ဖြစ်နေမှာပေါ့။သူအရမ်းမျှော်လင့်ခဲ့ရသည့်အချိန်ကို ရောက်လာခဲ့သည်မို့။
Black မှာဆံနွယ်များအား လက်ချောင်းများနှင့်ထိုးဖွပစ်ပြီး အခန်းထောင့်ရှိစာအုပ်စင်ကို အာရုံမရဘဲငေးနေမိသည်။
ထိုစဉ်မှာပင်မဇူးက ထိုင်နေရာကနေလမ်းကိုဖြည်းညှင်းစွာထလျှောက်ပြီး..." အဟင်း...ဟင်း ဒါပဲလေ GM နဲ့စကားတွေအများကြီးပြောပစ်ရမယ်...HO သွားတော့လည်း GM ရုံးခန်းထဲကိုတော်ရုံလူမှဝင်ခွင့်မရှိတာ ကိုယ့်ဆီလာတုန်းအကြိုက်ပြောထားမှ "
" မဇူးအတွက် ဝမ်းသာပါတယ် "
" ကဲ... ကဲ မောင်လေးထမင်းသွားစားတော့လေ ပြီးရင်ခဏနားလိုက်အုံး "
ဘယ်လိုလုပ်ထမင်းက စားနိုင်တော့မှာလဲ။
ဗိုက်ဆာနေတယ်ဆိုပေမယ့် ရင်ဘတ်ထဲတွင် အလုံးကြီးစို့သလိုတစ်နေသောကြောင့် ဘာစားစားမြိုချလို့ရမှာမဟုတ်တော့။
သူ့ကိုစိတ်ဆိုးလို့ ရှောင်နေပါတယ်ဆိုမှ ရုံးအထိရောက်ချလာတယ်ဆိုတော့။
တမင်များအချိန်ကိုက်ထားလားမသိ။" ကျွီ...! "
အခန်းတံခါးကိုတစ်ယောက်ယောက်က ဆွဲဖွင့်လိုက်သံအား ကြားလိုက်ရသည်နှင့် Black မှာမျက်မှောင်ကိုချက်ချင်းကျုံ့လိုက်မိသည်။
ဒါတစ်ယောက်ယောက်ရောက်လာလို့ အသိလာပေးတာများလား။
စိတ်ထဲမှာထင့်နေပြီဆိုတာနှင့် ဖြစ်ကိုဖြစ်တတ်သည့် ကံကြမ္မာအတိုင်း အခန်းထဲသို့ဝင်လာသူကမဇူးဆီသို့လျှောက်သွားခဲ့ပြီး ..." ဌာနမှူး GM တို့ရောက်လာတော့မယ် ကားကရုံးဝန်းထဲကိုတောင် ဝင်လာပြီ "
ဒါပဲလေ...
ရောက်ကိုရောက်ချလာပြီပေါ့...
ဟွန်း...အရှုပ်ထုပ်ကြီး...
YOU ARE READING
Dark's Black _ Season(2) *{Completed}*
Romance" Dark's Black " Season-(2) Start (02.8.2021) ✍ [Darkness's own creation]💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚