ကိုယ်မလုပ်ရက်ပါဘူး

1.1K 65 29
                                    


အခန်း(၉၆)

Part(1)


ကိုယ်ကသာ လိုချင်လွန်းလို့ အရှက်သိက္ခာတွေကို အဝေးဆုံးဆိုသည့် နေရာမှာပစ်ထားပြီး တောင်းဆိုခဲ့ပေမယ့် Dark ကတော့စကားလေးတစ်ခွန်းပင်မပြန်။တုံ့ပြန်မှုတစ်စုံတစ်ရာလေးတောင် ပြန်မလာသည့်အတွက် ကိုယ့်အပေါက်ငယ်အား Dark ကလွတ်လပ်ခွင့်ပေးသည့်အချိန်ရောက်မှ...

" Dark "

" ကိုယ်မလုပ်ရက်ပါဘူး... မင်းကိုပဲကောင်းအောင်လုပ်ပေးတာ "

ဒါဘာစကားလဲ...
ဘာအဓိပ္ပါယ်နဲ့ ပြောလိုက်တာလဲ။
Dark ပြောလိုက်သည့်စကားကို အရှင်းကြီးကြားလိုက်ရပေမယ့် Black မှာဆိုလိုရင်းကိုနားမလည်။
နားမလည်ဘူးဆိုတာထက် သူပြောလိုက်တာကို လက်မခံချင်တာဖြစ်သည်။

ထိုစဥ်မှာပင် Dark က ကိုယ့်နောက်ကျောဘက်ဆီသို့တစောင်းလေး လှဲချကာတစ်ကိုယ်လုံးကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းသည်။

တစ်ကယ်ကြီး ရပ်လိုက်တာလား။
ကိုယ့်ရင်ဘတ်ထဲမှာ ဒီလောက်ကြီး ဗြောင်းသတ်နေတာကို သူကတော့သိပုံမပေါ်။
ယခုဖြစ်ပေါ်နေသည့် ခံစားချက်က အထပ်ပေါင်းရှစ်ဆယ်လောက်ရှိသည့် တိုက်ပေါ်ကနေ မြေကြီးပေါ်သို့ အပစ်ချခံလိုက်သည့်ပုံစံမျိုး။

လူကို ဆန့်တငင်ငင် ဖြစ်အောင်လို့လုပ်ဖို့ တစ်ကယ်ပဲတွေးလိုက်တာလား။
ဒါမှမဟုတ် ဟိုးအရင်က သူ့လိုအပ်နေတဲ့အချိန်တိုင်းကို လျစ်လျူရှုခဲ့မိလို့ ယခုဝဋ်ပြန်လည်တာလား။

" ဒါဆို ကိုယ်ရေချိုးပေးမယ်နော်...ရေချိုးပေးရင်းနဲ့မှ မင်းကိုပြီးသွားအောင် "

" မလိုဘူး "

အခုမှရေချိုးပေးမယ်လေး ဘာလေးနဲ့လာလုပ်နေရအောင် ကိုယ်ကသူချော့တိုင်း တိတ်သွားမယ့်ကလေးတစ်ယောက်မှမဟုတ်တာ။
ပြောနေသည့်စကား၏အသွားအလာက ကိုယ်မပြီးသေးတာကိုသိလို့ ရေချိုးပေးရင်းနဲ့ပဲ ကိုယ့်အရာအား စောနကလိုထပ်လုပ်ပေးမည့်ပုံစံ။ကိုယ်လိုချင်နေတာက ဒီလိုပုံစံမှမဟုတ်တာ။
ပြီးတော့ ကိုယ့်ကိုပဲ ပြုစုပေးနေရအောင် သူကရော မလိုချင်ဘူးတဲ့လား။
နှစ်ယောက်စလုံးရဲ့ ရမ္မက်စိတ်တွေက အမြှင့်ဆုံးထိရောက်နေခဲ့တာလေ။

Dark's Black _ Season(2) *{Completed}*Where stories live. Discover now