" အာ... ဆောရီး ညီ... ဆောရီး "
လူနှစ်ယောက် ပုခုံးချင်းပစ်တိုက်မိသည့်အရှိန်ကြောင့် Black ၏ကိုယ်နေဟန်ထားမှာအနည်းငယ်ပျက်သွားသည်။
ပုံမှန်အချိန်ဆိုကိစ္စသိပ်မရှိပေမယ့် အခုက မဟုတ်တာကိုကြံစည်နေသည့်အချိန်မို့ Black မှာထိတ်ခနဲရှိသွားသည်။Dark ကအောက်ဘက်သို့ ဆင်းလာနေပြီဆိုတာ ကိုအခုလေးတင် ယွန်း နှင့်ဖုန်းရခဲ့သဖြင့် သိခဲ့ရသည်။
ထို့ကြောင့် သာမန်ထက်ပိုပြီးရင်တုန်နေတာကတော့အမှန်။
ခေါင်းထဲတွင် ရှေ့ဆက်လုပ်ရမည့်အစီအစဥ်များက တန်းစီနေသောကြောင့် စိတ်ကိုမနည်းတည်ငြိမ်အောင်ထားနေရသည်။သို့သော် လူအများရှိနေသည့်ဆိုင်ထဲတွင် ယခုလိုမျိုး မတော်တဆဖြစ်ရပ်များက ရှိနိုင်သည်မို့ " ရပါတယ် " လို့သာပြောပြီး သည်းခံလိုက်သည်။
Black ဘက်ကခေါင်းညိတ်ပြလိုက်ပြီဆိုမှ
တိုက်မိသွားသည့်လူကလည်း ပြန်ပြုံးပြခဲ့သည်။
ပြီးလျှင်Black နှင့် သိပ်မလှမ်းသော ကျောချင်းကပ်ခုံတွင်ဝင်ထိုင်ပြီး သူ့မိတ်ဆွေနှင့်စကားဖောင်ဖွဲ့နေခဲ့သည်။Dark ကမကြာခင်ရောက်လာတော့မှာဖြစ်သည့်အတွက် Black ကိုယ်တိုင်လည်း အခြားလူများကိုဆက်ဂရုမစိုက်နိုင်။
ဒီး ပေးလိုက်သည့်လက်ထဲရှိ ဆေးထုပ်လေးကိုသာ စိတ်လှုပ်ရှားစွာငုံ့ကြည့်နေမိသည်။
ဘဝတွင်အခြားလူတစ်ယောက်အပေါ် ထိခိုက်စေလိုသည့်ရည်ရွယ်ချက်နှင့် ယုတ်မာသောနည်းလမ်းများကိုတစ်ခါမှမကြံစည်ခဲ့ဖူး။သို့သော် ယခုအချိန်မှာတော့ထိုကဲ့သို့ မလုပ်မဖြစ်လုပ်ရတော့မည်။
မလုပ်ဘဲဒီအတိုင်းသာ ငြိမ်နေလိုက်မယ်ဆို အခြေအနေက ပိုပြီးဆိုးဖို့ရာရှိတော့မည်။
ကိုယ်ချစ်ခင်နှစ်သက်ခြင်းမရှိသည့်လူနှင့်လည်းတစ်သက်လုံးပေါင်းဖက်သွားရမည်။
ထို့ကြောင့် မလုပ်သင့်မလုပ်အပ်ဘူးဆိုတာကိုသိပေမယ့် Black ကတော့ လုပ်ကိုလုပ်ရမည်ဟု ယတိပြတ်ဆုံးဖြတ်ထားခဲ့သည်။သို့သော် အရမ်းကြီးလူမဆန်သည့်နည်းလမ်းကိုတော့ Black ကမသုံးခဲ့ပါ။
ယခုစီစဥ်ထားခဲ့သည်က ကိုယ်ဆေးခပ်ထားသည့်ဝိုင်ကိုသောက်ပြီး Dark တစ်ယောက် ရီဝေထိုင်းမှိုင်းကာ အိပ်ပျော်သွားစေဖို့ပင်။
YOU ARE READING
Dark's Black _ Season(2) *{Completed}*
Romance" Dark's Black " Season-(2) Start (02.8.2021) ✍ [Darkness's own creation]💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚