ကျွန်တော် သူ့ကိုသိပ်ချစ်ပါသည်

1.5K 79 14
                                    

အခန်း(၉၃)

" ဧည့်သည်ရှိနေတာလား "

မနက်ကတည်းက ရုံးတွင်ပုံမှန်ထက်လူပိုစည်နေသော မြင်ကွင်းကြောင့် မဇူး၏လက်ထောက်ကို Black ကလှမ်းမေးလိုက်ခြင်းဖြစ်သည်။
အခြား company ကဝန်ထမ်းများကိုပါ တစ်ခန်းဝင်တစ်ခန်းထွက်မြင်ခဲ့ရသည့်အတွက်။

Black ကမဇူး ၏လက်မှတ်ထိုးရန် လိုအပ်သည့်ဖိုင်တွဲများကို ကောင်တာပေါ်သို့လှမ်းတင်လိုက်သည်။
ထိုအခါ မဇူး၏လက်ထောက် သဇင်နုက ခေါင်းကိုညိတ်ပြလာပြီး မျက်နှာကိုပါရှုံ့မဲ့သည်။

ပြီးမှ မဇူး၏အခန်းတံခါးကို လက်ညွှန်ပြ၍...

" ဟုတ်တယ်...မခေမီ ရောက်နေတာ သူ့လူတွေရောပဲ သူ့ဆီကအလုပ်တွေ ယူလာတာပဲနေမှာပေါ့...ကိုယ့်သူဌေးဆီမှာ ပညာသင်ယူနေတယ်ဆိုတဲ့ခေါင်းစဥ်နဲ့ တို့ကိုပဲလာခိုင်းစားနေတာ "

သဇင်နုပြောသည့် နောက်ဆက်တွဲစကားများကို ကြားလိုက်သေးပေမယ့် လူကတော့ထိုနေရာရပ်ဝန်းဆီကနေ နောက်ပြန်လှည့်ပြီးဖြစ်သည်။
သို့သော်...

" မောင်လေး Black...အစ်မဆီလာတာလား "

" အို...ဘယ်သူ "

" ကျစ်...! "

စိတ်ပျက်ခြင်းကြောင့် ကျစ်ခနဲစုတ်သပ်ပြီးသည်နှင့် Black ကဆံနွယ်နက်များကိုအနောက်ဘက်သို့သပ်တင်သည်။

အစ်မဇူးရဲ့အသံက နားခါးစရာအကြောင်းမရှိပေမယ့်တအံ့တသြပုံစံမျိုးထွက်ကျလာသည့် ခေမီ ​လေသံကြောင့် စိတ်ဆင်းရဲသွားခြင်းဖြစ်သည်။

မလိုအပ်ဘဲစကားတွေအများကြီးမပြောချင်သည်မို့ ခေမီ ဆိုသည့်နာမည်ကိုကြားလိုက်ကတည်းက ခြေလှမ်း၏ဦးတည်ရာကိုလည်းပြောင်းလိုက်ပြီးဖြစ်သည်။
အချိန်ကတော့ မမီတော့။

ခေမီ က Dark ၏လုပ်ငန်းခွင်တွင် သူလေ့လာချင်သည့် ကိစ္စရပ်တိုင်းကို အကျယ်တဝင့်သင်ယူလေ့လာနေမှန် Black အစကတည်းကသိသည်။

Black သွားခဲ့ဖူးသည့်ဌာနတိုင်းတွင်် ခေမီနာမည်ကိုမသိသူမရှိ။ခေမီနှင့်ပတ်သက်သည့် အကြောင်းအရာ ကိစ္စများကိုပြောဆိုဝေဖန်ကြသည့် စကားအနည်းအများကိုလည်း ကြားဖူးခဲ့ပြီးဖြစ်သည်။

Dark's Black _ Season(2) *{Completed}*Where stories live. Discover now