မြင်ခွင့်ရချင်လို့

1K 77 24
                                    

အခန်း(၉၇)

" ဘာပြောတာလဲ "

ကိုယ်မေးလိုက်သည့်အချိန်မှာပင် Dark ကမျက်နှာကို ပြန်လွှဲသွားပြီး ကျသွား​သည့်ဇွန်းနှင့်ခရင်းများကို ကောက်ယူပေးလာသည်။
Black ကိုယ်တိုင်လည်း သူလှမ်းပေးသည့် အရာများအား အလိုက်သင့်ပင်ဆွဲယူလိုက်ပြီး ခြင်းတောင်းထဲရှိ ဆေးရမည့်ထမင်းဘူးထဲသို့ ထည့်သိမ်းသည်။

ပြီးတာနှင့်ထိုခြင်းတောင်းအား စားပွဲ၏အစွန်းဘက်သို့ ​ခေတ္တခဏတိုးထားလိုက်သည်။
ထိုစဥ်မှာပင် Dark ကထိုင်နေရာမှ မတ်တပ်ပြန်ရပ်လိုက်ပြီး...

" ထမင်းဆာနေတာလားလို့မေးတာ အော်သံ​တွေ​ကြား​နေရလို့လေ "

" အဟွတ်...ဟွတ်... မင်း "

အနောက်ဘက်ကနေ သိမ်းကျုံးဆွဲဖက်ပြီး ကိုယ့်ဗိုက်သားနေရာလေးဆီသို့ပွတ်သပ်ပေးလာသည့် လက်ဖဝါးများကြောင့် Black ၏မျက်နှာတစ်ပြင်လုံးမှာ ရှိန်းခနဲပူထူသွားသည်။
ရှက်နေတာက ကိုယ့်ဗိုက်ထဲကနေ တဂွီ ဂွီ မြည်သည့် အသံများထွက်ကျလာ​သော အချိန်ကတည်း ကဖြစ်သည်။
ယခုဆို သူ့လက်ဖဝါးများ၏ ရွေ့လျားမှုကြောင့်မျက်နှာကပိုပြီးပူလာခဲ့သည်။
လူကိုသူ့သားသမီးလို့များထင်နေတာလားမသိ။

အနီးကပ်ကြီးရနေသော မွှေးလွန်းသည့် သူ့ကိုယ်နံ့ကြောင့် နှလုံးသွေးများမှာလည်း တဖျစ် ဖျစ် ဆူတက်လာခဲ့သည်။
ဒါ့အပြင်နားရွက်ဖျားဆီသို့ ဝေ့ခနဲရိုက်ခတ်လာသည့်အသက်ရှူငွေ့များကြောင့် Black ၏ နှာဖျားထိပ်လုံးလုံးလေးမှာ ချက်ချင်းလက်ငင်းကြီ အေးစက်လာခဲ့သည်။

" ဘာဖြစ်လို့ အချိန်မှန်မစားတာလဲ...ခန္ဓာကိုယ်အတွက်မကောင်းဘူးလေ "

သူ့ပါးပြင်နဲ့ကိုယ့်နားသယ်စပ်က ခွာလို့ပင်မရအောင် ပူးကပ်နေပြီမို့ Black မှာခေါင်းအားအနည်းမျှပင် ထပ်မစောင်းချင်။
နည်းနည်းလေးသာ ကိုယ့်မျက်နှာအားစောင်းချလိုက်မယ်ဆို နွေးလျသော သူ့နှုတ်ခမ်းလွှာများနှင့်မိတ်ဆက်သွားနိုင်သည်။

အခုကအလုပ်မှာပဲရှိနေသေးသည်မို့ ဒီထက်ပိုပြီး သူနဲ့ထိတွေ့ဖို့ကအဆင်မပြေ။
တစ်ယောက်ယောက်သာ အကြောင်းကိစ္စရှိလို့ဝင်ချလာမယ်ဆို သူနဲ့ကိုယ့်အခြေအနေက ဘာ ဆိုတာအား သိသွားကြမှာဖြစ်သည်။
ထို့ကြောင့်...

Dark's Black _ Season(2) *{Completed}*Where stories live. Discover now